Thursday, September 4, 2014

မြန်မာနိုင်ငံ ရဲ့ စစ်သမိုင်း မှာကွယ်ပျောက်နေသော အချက်များ


၁၈၅၂ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ- စစ်မကြေငြာပဲတိုက်ခဲ့သောစစ်ပွဲ စစ်ပြေငြိမ်းရေး စာချုပ်မချုပ် ပဲပီးဆုံးသောစစ်ပွဲ ကမ္ဘာ့စစ်သမိုင်းတွင် အမေရိကန် ပြင်သစ် ပေါ်တူ၈ီ ဘယ်ဂျီယမ် ဂျာမနီ စသောဥရောပ အမေရိက နိုင်ငံများမှ အပြင်းအထန် ဗြိတိသျှ အင်ပိုင်ယာအား ရှုံ့ ချခဲ့သောစစ်ပွဲ

၁၈၈၆ ဇန်န၀ါရီလ ၂- မန္တလေး မြို့ အား မျက်နှာဖုံးအနက်စွပ် ဘီလူးအလံလွှင့် ထားသော အမျိုးအမည်မသိတပ်များ ၀င်ရောက်စီးနင်းပီး အင်္ဂလိပ်စစ်ဌာနချုပ် Fort Dufferin အား တိုက်ခိုက်ခဲ့

ပထမကမ္ဘာစစ်- အီရတ်မက်ဆိုပိုတေးမီးယားစစ်မြေပြင်တွင် မြန်မာ တိုင်းရင်းသားတပ်များ ပါဝင်တိုက်ခိုက်ခဲ့သောစစ်ပွဲ

ဒုတိယကမ္ဘာစစ်- ကမ္ဘာ့စစ်သမိုင်းတွင် မြန်မာပြည်တိုက်ပွဲစဉ်သည်လူမျိုးစု အများဆုံး ပါဝင်တိုက်ခိုက်ခဲ့-

မဟာမိတ်
(၁) အင်္ဂလိပ်
(၂) စကော့
(၃) အိုင်းရစ်
(၄)ဝေလ
(၅) ၾသစေၾတးလ်
(၆) နယူးဇီလန်
(၇) အိန္ဒိယတိုင်းရင်းသားတပ်များ
(၈) မြန်မာ တိုင်းရင်းသား( ကချင်/ ကရင်/ချင်း/ရှမ်း)
(၉) တရုတ်
(၁၀) နိုင်ဂျီးရီးယား
(၁၁)ကင်မရွန်း
(၁၂)ယူဂန္ဒာ
(၁၃)ဆီနီဂေါ
(၁၄) အမေရိကန်

ဂျပန်
(၁) ဂျပန်
(၂) ဗမာ
(၃) ကိုရီးယား
(၄) မန်ချူး ရီးယား
(၅) အိန္ဒိယ ( India Liberation Army)
(၆) ထိုင်း

၁၉၅၁- မြန်မာ့တပ်မတော်သည် နယ်သာလန်တို့အား တော်လှန်တိုက်ခိုက်နေသော ဆူဟာတို၏ အင်ဒိုနီးရှား မျိုးချစ် များအား ဗိုလ်ချုပ်နေ၀င်းအမိန့်ဖြင့် လက်နက်ရိကွာ များ ဘော်နီယိုကျွန်းသို့ လေးကြိမ်တိုင်တိုင် ထောက်ပံ့ခဲ့

အရှေ့မြောက်ဗမာပ်ြည်ကွန်မြူနစ်ပါတီသောင်းကျန်းမှု- တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အပျော်တမ်း တပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့

(ကြယ်နီ)

Wednesday, September 3, 2014

မြန်မာ့တပ်မတော်အတွက် Big Five (သို့) Essential Five



နိုင်ငံတနိုင်ငံ ဖြစ်တည်ရေးအတွက် ပြည်သူ နယ်နိမိတ် အချုပ်အခြာ အာဏာ ဟူသော အခြေခံထောက် တိုင် ၃ ခုနှင့် ပြည့်စုံမှသာ လျင် မည်တ္တကာ မနိုင်ငံမဟုတ်ပဲ အချုပ်အခြာအာဏာပိုင် နိုင်ငံ စစ်ဟု ခေါ်တွင်ထိုက်မည်ဖြစ်ပါသည်။

အဆိုပါ ထောက်တိုင် ၃ခုမြဲမြဲ ခိုင်ဖို့ရာ စီးပွားရေး ကျန်းမာရေး ပညာရေးနှင့် ကာက်ွရေးစွမ်းအင်ဟူသော အခြေခံ အုပ်မြစ်များနှင့် Foundation ချမှသာ ခေါင်းမော့်ရင်ကော့နိုင်သော နိုင်ငံတော်တစ်ရပ် အဖြစ်ရပ်တည်နိုင်မည်ဖြစ်ပါသည်။

အဆိုပါအုတ်မြစ်ကြီးများသည် ကဏ္ဍအလိုက် မရှိမဖြစ်အရေးပါ ကြသလိုအဆိုပါ လေးရပ်အနက်
ကာကွယ်ရေးဟူသော ကဏ္ဍကြီးသည်လည်း မရှိမဖြစ်အရေးပါသော အုတ်မြစ်လည်းဖြစ်ပါသည်။

သမိုင်းသင်ခန်းစာများအရ ကာကွယ်ရေးစွမ်းအင်နိမ့်ပါး ခဲံရေသောကာလ ကာကွယ်ရေးအမြင် နည်းပါသော မင်းများလက်ထက်တွင် မြန်မာတို့ အနေဖြင့် တိုင်းတပါးကျူးကျော်မှု ကိုအစဉ်တဆက် ခံစားခဲ့ရသလို ကာကွယ်ရေးစွမ်းရည်ထက်မြက်သော ခေါင်းဆောင်များ လက်ထက်တွင် ဒေသအတွင်းခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ခဲ့သည်ကိုမငြင်းနိုင်သောသမိုင်းက သက်သေပြဆိုနေပါသည်

ခေတ်မီတပ်မတော်တစ်ရပ် အရည်အသွေးပြည့်ဝသော လူ့စွမ်းရင်းအားအရင်အမြစ် တစ်ရပ် မရှိခဲ့ခ်ြင်းက နိုင်ငံတောအား တိုင်းတပါးလက်အောက်သို့နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်စေခဲ့ပြီးဖြစ်ပါသည်

ထို့ကြောင့်သမိုင်းသင်ခန်းစာများ ကို အပြည့်အ၀ရယူကာ ခေတ်မီ တပ်မတော်တစ်ရပ် ထူထောင်နိုင်ရေးသည် တပ်မတော် အစိုးရ သာမက နိုင်ငံသားအားလုံး အတွက် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါသည်။

မည်သည့် ကဏ္ဍ တွင်မဆို လူ့စွမ်းအားအရင်းမြစ် သည်အခြေခံဖြစ်ပြီး ထို အပေါ် တွင် ရုပ်ဝတ္တုကြွယ်ဝမှု ထပ်ဆင့်ပါမှပြီးပြည့်စုံမည်ဖြစ်သည်။

ယခု Post တွင် ခေတ်မီတပ်မတော်တစ်ရပ် အဖြစ်ဒေသအတွင်းခေါင်းမော်နိုင်ရေးအတွက် သင့်တော်သည်ဟု ယူဆရသော ရုပ်ဝတ္တု ပစ္စည်း တနည်းအားဖြင့် စစ်လက်နက် ပစ္စည်း (၅) မျိုး အားကျတော် ၏ ထင်မြင်ယူဆချက် ဖြင့် တင်ပြသွားပါမည်။ ကျတော်၏စာစုအား တာဝန်ရှိသူတစ်စုံ တစ်ဦးဖတ်ရှု မိပါက အတိုင်းအတာတစ်ခု မြူ မှုန်မျှလောက် အထောက်အကူ ပြုနိုင်လျှင်ပင် အကျိုးရှိမည်ဟု ယူဆပါသည်ခင်ဗျား

The Big Five

US Army တွင်တော့ ကမ္ဘာ ကအသိအမှတ်ပြု ရသည့် Big Five ခေါ် ပစ္စည်း ၅မျိုးရှိသည်-

M1 Abrams ပင်မတိုက်ပွဲဝင်တင့်
Apache Longbow တိုက်ခိုက်ရေးရဟတ်ယာဉ်
F-16 Fighting Falcon တိုက်လေယာဉ်
Hummave အထွေထွေ သုံးယာဉ်
Nimitz အတန်းစားလေယာဉ်တင် သဘောင်္

အဆိုပါ Big Five သည် အမေရိကန်ကြည်းရေလေ ကမ်းတက်တပ်များအတွက် အခြေခံထောက် တိုင်များဖြစ်သလို စွမ်းရည်မြင့်မားသော War Machine များအဖြစ် တစ်ကမ္ဘာလုံးကအသိအမှတ် ပြုထားသော ပစ္စည်းများပင်ဖြစ်ပါသည်။

မြန်မာ့တပ်မတော် အတွက် အမှန်တကယ်လိုအပ်မည်ဟုယူဆရသော စစ်နည်းဗျူဟာနှင့်ကိုက်ညီမည့် ဖြစ်လာနိုင်ချေရှိသော ရန်သူ (Potential Enemy) အားရင်ဆိုင်နိုင်မည့် စစ်လက်နက်ပစ္စည်း ၅မျိုး မရှိမဖြစ် ၅မျိုးအား သုံးသပ်တင်ပြသွားမည်။

T-90S MBT

တပ်မတော်တစ်ရပ်၏ စစ်အဂါင်္စဉ်တွင် မရှိမဖြစ်ပါစမြဲဖြစ်သော မြေပြင်တပ်ဖွဲ့ များ၏ အစွမ်းအထက်ဆုံးလက်နက်ဖြစ်သော ယန္တရားတပ်ဖွဲ့ များသည် ယနေ့တိုင် သုံးသပ်ချက် အမျိုးမျိုး Concept အထွေထွေ ပြောင်းလဲခဲ့သောလဲ ကမ္ဘာ့ စစ်ပွဲများ၏ ထိပ်ဆုံးမျက်နှာစာမှအသုံးတော်ခံနေဆဲပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အရ တင့်ကားစစ်ဆင်နိုင်သော မြေမျက်နှာ (Tankable Terrain) မှာအချိုးအစား နည်းပါးလှသော်လည်း နိုင်ငံ၏ Strategic Point များသည် တင့်ကားလှုပ်ရှားစစ်ဆင်နိုင်သောနယ်မြေများတွင်သာ တည်ရှိနေသည်ကို မမေ့အပ်ပါ။ ယနေ့ သံချပ်ကာတပ်ဖွဲ့သည် Modernization Plan ဖြင့်ချီတက်နေသည်ကိုတွေ့မြင်နိုင်သော်လည်း အမှန်တကယ် အသုံးတည့်မည်ဟုယူဆနိုင်သော နိုင်ငံတော်၏ ဘဏ္ဍာငွေ ကိုအလွန်အမင်းဖြုန်းတီးရာမရောက်သည့် ပင်မတိုက်ပွဲဝင် တင့် မှာ T-90 S MBT ပင်ဖြစ်မည်ဟု သုံးသပ်မိပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ယူကရိန်း T-84 Oplot ၅၀စီး ဘင်္ဂလားဒေ့ရှ် ၏ Norinco MBT-2000 ၄၄ စီးအားယှဉ်နိုင်ရန်မှာ T-90 S ပင်ဖြစ်မည်ဖြစ်ပါသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက ထုတ်လုပ်ခဲ့ပီး ရုရှား၏ ပင်မကျောရိုးတိုက်ပွဲဝင် တင့် T-90 သည် ဈေးနှုန်းအားငြ့်သင့်တော်ခြင်း ပေါ့ပါးခြင်း Missile ပစ်ခတ်နိုင်သော 125mm Smoothbore Gun RCWS စနစ်သုံး ၁၂.၇မမ AA gun Shtora II Active Protective System များပါဝင်ပီး နာမည်ကျော် တီ-၇၂ တင့်များကို ထုတ်လုပ်ခဲ့သည့် ယူရယ် ဗကွန်းမှထုတ်လုပ်ထားခြင်းဖြစ်ပါသည်။တီ-၉၀ အက်စ်တင့်မားကို ပိုင်ဆိုင်ပါက ဒေသအတွင်း စွမ်းရည် အမြင့်မားဆုံး တင့်တပ်ဖွဲ့ အဖြစ်ရပ်တည်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။


တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်


MI-35 P Attack Helicopter

နာမည်ကျော် MI 24 Hind များ၏မျိုးဆက်ဖြစ်သော Mi 35P တိုက်ခိုက်ရေးရဟတ်ယာဉ်များ သည် မြေပြင် ပစ်ကူ ပေးလုပ်ငန်းများ ကင်းထောက်တိုက်ခိုက်ရေးလုပ်ငန်းများ တင့် ကားချေမှုန်းရေး တာဝန်များနှင့် လူနာသယ်လူနာကောက်ာဝန်များ ပို့ဆောင်ရေး တာဝန်များကိုတပြိုင်နက်ထဲစွမ်းဆောင်နိုင်သော Multipurpose သဖွယ် အသုံးပြုနိုင်သဖြင့် ကျွန်တော်တို့ကဲ့ သို့ ဖွံဖြိုးဆဲနိုင်ငံငယ်များအတွက် အထူးပင်သင့်တော်သော ရဟတ်ယာဉ်မျိုးအစားပင်ဖြစ်ပါသည် ဒေသတွင်းအိမ်နီးချင်းနိုင်ငံ များအတွင်း မြန်မာ့တပ်မတော်သည် MI-35 ရဟတ်ယာဉ် Fleet အားပထမဆုံး ပိုင်ဆိုင်ခဲသည်မှာအားရစဖွယ်ပင်ဖြစ်သည်။ တပ်မတော်အတွက် လိုအပ်ချက် တစ်ခုပြည့်စုံပီဟု ပြောနိုင်မည်ဖြစ်ပါသည်။


MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်

KILO Class Submarine

ကမ္ဘာနိုင်ငံအသီးသီးသည် ပင်လယ်ပြင် အကျိုးစီးပွား သယံဇာတများအားရယူလိုသော ရည်ရွယ်ချက်ဖြင့် ၄င်း ကာကွယ်လိုသော ရည်မှန်းချက်ဖြင့် ၄င်း Coastal Guard အဆင့် မှ Blue Sea Navy အဆင့်သို့တကှ်မ်းရန်ကြိုးပမ်းကြစမြဲ ပင်ဖြစ်ပါသည်။တပ်မတော်ရေ အနေဖြင့်လည်း၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်ကာခေတ်မီ ရေတပ်တစ်ခုပိုင်ဆိုင်နိုင်ရေးအတွက် ခြေလှမ်း အဆင့်ဆင့် တက်လှမ်းခဲ့ရာ ပြီးခဲ့သည်နှစ်များအတွင်းတွေ့ မြင်ရသည့် ရေတပ်သဘောင်္ကျင်းထွက် F-11 Frigate 5 series FAC များ F-12 F-14 Stealth Frigate များစသည့် အသီးအပွင့်များ စတင်ခံစား လာရပီဖြစ်ပါသည်။သို့သော်လည်း အမှန်တကယ်လိုအပ်ချက်ဖြစ်သော Naval Warfare ၏ မရှိမဖြစ် Submarine Operation လိုအပ်ချက်ကိုမူ ပြည့်စုံခြင်းမရှိသေးပါ။ အိန်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် တရုတ်နိုင်ငံလုပ် မင် အတန်းအစား ရေငုပ်သဘောင်္ ၂စီးအား ပြီူခဲ့သည့် လပိုင်းအတွင်း ၀ယ်ယူခဲ့သလို ယိုးဒယားနိုင်ငံသည်လည်း ရေငုပ်သဘောင်္ စစ်ဆင်ရေးတပ်ဖွဲ့ အားဖွဲ့စည်းခဲ့ပြီး တပတ်ရစ် အမေရိကန်သဘောင်္များနှင့် တပ်ဆင်မည်ဟု ယူဆရပါသည်။ အိမ်နီးချင်းများက ခြေစ်လှမ်းသာနေသည့် သဘောပင်ဖြစ်သည်။ တပ်မတော်အနေဖြင့် ရုရှားထုတ် ဒီဇယ်လျှပ်စစ် ကီလို ရေငုပ်သဘောင်္များတပ်ဆင်နိုင်မည်ဆိုပါက အိမ်နီးချင်းများအားမှုရန်မလိုသော အနေအထားပင်ဖြစ်ပါသည်. အနာနှင့်ဆေးတည့်ရန်တော့လိုမည်ဖြစ်သည်။ တရုတ် ရိုမီယို အတန်းစားများဝယ်ရန် စဉ်းစားပါ က ခုတ်ရာတခြားရှရာတလွဲဖြစ်မည့် အနေအထားပင်ဖြစ်ပါသည်။


KILO Class Submarine

S-300 Air defence System

ခေတ်သစ်စစ်ပွဲများတွင် လေကြောင်း အရေးသာမှု သည်အဆုံးအဖြတ် ပေးစမြဲဖြစ်ပါသည်။ နိုင်ငံတော် ၏ ဝေဟင်ပိုင်နက်ကာကွယ်ရေးအတွက် စွမ်းရည်ထက်မြက်သော လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ရပ်တည်ဆောက်ထားရန် အထူးလိုအပ်လှပေသည်။ မြေပြင်တပ်များ သေနတ်တချက် မဖောက်ရပဲ ရန်သူ့ လေကြောင်းထိုးစစ်ကို ခေါင်းငုံခံရသောအနေအထား မရောက်ရအောင် အလေးထားဆောင်ရွက်ရပါမည်။ တပ်မတော်အနေဖြင့်စွမ်းရည်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တရပ်ပိုင်ဆိုင်ထားသည်ဟု ယူဆနီုင်သော်လည်းခံစစ်လုပ်ငန်းဆိုသည်မှာ ရန်သူလာရောက်တိုက်ခိုက်မှပြီးဆုံးသည်ဟူသော Concept အရ စစ်အေးကာလတွင် စဉ်ဆက်မပြတ်ဖြည့်ဆည်းနေရန်လိုအပ်လှပါသည်။SA-10 Grumble အမည်ရ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ရုရှားတို့၏ ခေတ်အမှီဆုံးတာဝေးလေကြောင်းရန်ကာကွယ်ရေးစနစ်တမျိုးဖြစ်ပီး ၁၉၅ ကီလိုမီတာ စစ်နယ်ဝှမ်းအတွင်းရှိ ရန်သူ့လေယာဉ် ဒုံးပျံ ပစ်မှတ် ၁၂ခုအား တပြိုင်နက်ခြေမှုန်းနိုင်စွမ်းရှိသည့် အဆင်မြင့်စနစ် တမျိုးဖြစ်သည်။ ကုန်ကျစရိတ်များပြားနိုင်သော်လည်း အသုံးဝင်မှု အပိုင်းတွင် တတန်ဖိုးမဖြတ်နိုင်သောလက်နက်စနစ်ဖြစ်သည်။ အဆိုပါစနစ်ကိုတပ်ဆင်နိုင်မည်ဆိုပါက ဒေသအတွင်း အဆင့်အမြင့်ဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပိုင်ဆိုင်မည်ဖြစ်ပါသည်။


S-300 Air Defense System

JH-7 (FBC-1) Flying Leopard Attacker

တရုတ်နိုင်ငံထုတ် JH-7တိုက်ခိုက်ရေးလေယာဉ်နှင့်ပတ်သတ် ပီးအငြင်းပွားနိုင်စရာရှိပါသည်။ ယနေ့ခေတ်တွင် Attacker , Inteceptor စသော သီးခြား Role ဖြင့် ရပ်တည်သော တိုက်လေယာဉ်များ အခန်းကဏ္ဍ ကုန်ဆုံးသွား သည်ဟု ယူဆကြသည်။ ခေတ်သစ်စစ်ပွဲများ၏ တောင်းဆိုချက်ကြောင့် MIG-29 SU-30 SU-27 စသော Multirole တိုက်လေယာဉ်များ ၏ အခန်းကဏ္ဍ ပိုမိုမြင့်တက်လာသည်ကိဲုငြင်းရန်မရှိပါ။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ ပစ္စုပန် အခြေအနေအား ထည့်သွင်းစဉ်းစား မည်ဆိုပါက Multirole တိုက်လေယာဉ် မြန်မာ့တပ်မတော်သည် အရှေ့တောင်အာရှဒေ သအတွင်း အကြေီးမားဆုံးသော MIG-29 Fulcrum အုပ်စုကို ပိုင်ဆိုင်ထားပီး အိမ်နီးချင်း နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၏ MIG-29 UB များ F-7BGI များအားထည့်သွင်းစဉ်းစားနေစရာမလိုသည့် အနေအထားပင် ဖြစ်သည် သို့သော် ယိုးဒယား၏ Gripen များကိုအထူးသတိထားရန်လိုလှသည်။သို့သော်လည်း တပ်မတော်၏MIG-29SE များကို SMT အဆင့်မြင့်နိုင်လျင် အထိုက်အလျောက် ရင်ဆိုင်နိုင်မည်ဖြစ်သည်။အမှန်တကယ်လိုအပ်သည်မှာ ဟောင်းနွမ်းနေပီဖြစ်သော A-5C Attacker များ၏ နေရယတွင်အစားထိုါ်ရန်အတွက် JH-7 များသညါအထူးသင့်လျော်သောအမိျုးအစားပင်ဖြစ်သည်။ JH-7 များသည် မြေပြင်တိုက်ခိုက်ရေးသာမက သဘောင်္ဖျက်ဒုံးများ ပါတပ်ဆင် နိုင်သဖြင့် Maritine Attacker အဖြစ်ထိရောက်စွာသုံးစွဲနိုင်ပါသည်။ ကုန်ကျစရိတ်အနေဖြင့် သက်သာခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေပြင်ပိုင်နက်အငြင်းပွားမှုများအတွက် ထိရောက်သောထိုးစစ်လက်နက်တခုဖြစ်လာနိုင်ခြင်းတို့ကြောင့် အထူးလိုအပ်လှပါသည်။


JH-7 Ground Attacker

Monday, September 1, 2014

ကိုယ်ပိုင်အမှတ်-၆၂၃၇၅၆ တပ်သား သီဟသူရ ဝုန်လျံမန်း(ကျဆုံး) ခလရ(၁၁) ********************************************************


တပ်သား ဝုန်လျံမန်းသည် ၂၃-၉-၈၈ မှ ၂၉-၉-၈၈ အထိဖြစ်ပွားသောမိုင်းယန်းဒေသ
တိုက်ပွဲတွင် ဘုရားကုန်းနှင့်အောင်တံခွန်ကုန်းတို့၌ရဲဝံ့စွန့်စားကာတိုက်ပွဲဝင်ခဲ့သူဖြစ်သည်။
ဘုရားကုန်းစခန်းအားရန်သူမှလက်နက်ကြီးဖြင့်ပစ်ခတ်၍ (၆)ကြိမ်တိုင်အင်အားအလုံးအရင်း
ကျားထိုးတိုက်ခိုက်ခဲ့ရာ တပ်သားဝုန်လျံမန်းသည် တပ်မတော်သားကောင်းပီသစွာတာဝန်ကျ
ရာနေရာမှရွှေ့ပြောင်းခြင်းမရှိဘဲလက်နက်ကြီးကျည်များ လက်နက်ငယ်ကျည်များ လက်ပစ်ဗုံး
များပစ်ခတ်ပေါက်ကွဲနေသည့်ကြားမှ ကြောက်ရွံ့ခြင်းကင်းစွာဖြင့်ရန်သူကို အထိနာအောင်ပြန်
လည် ပစ်ခတ်ချေမှုန်းနိုင်ခဲ့သည်။
မိမိတပ်ဖွဲ့များပင်မစခန်းကုန်းဖြစ်သည့် အောင်တံခွန်ကုန်းသို့ အင်အားစုစည်းရန်ဆုတ်
ခွာရာတွင် တပ်သားဝုန်လျံမန်း ပါဝင်သောတပ်စိတ်သည် ရန်သူကိုထိရောက်စွာဟန့်တားပေး
နိုင်ခဲ့ပြီး ရန်သူက ဝိုင်းပတ်ထား၍ဖောက်ထွက်သည့်အခါတွင်လည်း နောက်ဆုံးမှတာဝန်ယူ၍
ဆုတ်ခွာခဲ့သည်။နောက်မှလိုက်လံပစ်ခတ်သောရန်သူအား မိမိအသက်ကိုပဓာန မထားဘဲ
အစွမ်းကုန်ဟန်တားပစ်ခတ်ပေးမှုကြောင့် မိမိတပ်ဖွဲ့ဝင်အားလုံး အောင်တံခွန်စခန်းသို့ အချိန်
မှီပူးပေါင်းနိုင်ခဲ့ပြီး အင်အားစုစည်းစွာဖြင့်ရန်သူကို တွန်းလှန်နိုင်ခဲ့သည်။
အောင်တံခွန်ကုန်း၌ ရန်သူနှင့်ပြင်းထန်စွာတိုက်ပွဲဝင်ရသည့်အခါတွင်လည်းတပ်သား
ဝုန်လျံမန်းသည် ရန်သူများ၏လက်ပစ်ဗုံးပေါက်ကွဲထိမှန်၍လဲကျသွားသော်လည်းအားမလျော့
ဘဲ အနီးသို့လက်နက်ကောက်ရန်လာသည့် ရန်သူကိုဆွဲဃူ လုံးထွေးပြီးမိမိအသက်ကို မငဲ့ဘဲ
နှစ်ဦးကြားတွင်လက်ပစ်ဗုံးကို ပေါက်ကွဲစေခြင်းဖြင့် အသက်ခြင်းလဲကာ စံနမူနာပြ တိုက်ပွဲဝင်
ခဲ့သည်။ ဤသို့ မိုင်းယန်းဒေသတိုက်ပွဲတွင် မိမိတပ်ဖွဲ့ဝင်များအကျိုးနှင့် စစ်ရေးအကျိုးငှာ
အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့်အတွက်နိုင်ငံတော်မှ သီဟသူရ ဘွဲ့ချီးမြှင့်ခြင်း
ဖြစ်သည်။

တပ်မတော်ရွှေရတုစာစောင်မှကူးယူဖေါ်ပြပါသည်

Friday, August 29, 2014

တရုတ်တွေဖျောက်ထားတဲ့ရာဇ၀င် ဒါပေမယ့် အနောက်တိုင်းကတော့သိတယ် ဒို့ဗမာတွေလဲသိတယ်


ရှည်လျား ကျယ်ပြောသော နယ်နိမိတ်ထိ စပ်မှုသည် မြန်မာပြည်နှင့် တရုတ်ပြည်အကြား နှစ်ပရိစေဒ ကြာမြင့်စွာ ပြသနာ အလျည်းမရှိပဲ ခွဲခြားတည်ရှိခဲ့ပါသည်။
မင်မင်းဆက် (၁၃၈၀-၁၃၈၈ အေဒီ) လက်ထက်တွင် တရုတ်တို့သည် ယူနန် နယ်အား ၄င်းတို့၏ နယ်နိမိတ်အဖြစ်ပိုင်ပိုင်နိုင်နိုင်သွမ်းသွင်းနိုင်ခဲ့သည်။ တောင်ငူခေတ် ၁၅၅၇ ခုနှစ်တွင် ဘ်ုရင့်နောင်မင်းတရားကြီးသည် ရှမ်းကျိုင်းရုံးကြီးနယ်(ယနေ့ခေတ် ကချင်/ရှမ်း/ကယားနယ်) များအား သိမ်းပိုက်အောင်နိုင်ခဲ့ပါသည်။ သို့သော်ငြားလည်းဒေသခံစော်ဘွားများသည်နယ်ချင်းထိစပ်နေသောတရုတ်ယူနန် ဘုရင်ခံနှင့် မြန်မာ နေပြည်တော်ထံသို့ နှစ်ဘက်စလုံးအားအခွန် အတုပ်များပေးဆောင်ကာ ၄င်းတို့၏ ပဒေသရာဇ် အုပ်ချုပ်မှုအားဆက်လက်တည်တံ့အောင်ကြီုးစားခဲ့ကြသည်။
နယ်စပ်အခြေအနေများသည် ကွင်မင်းဆက် (၁၇၃၀) လက်ထက်သို့ရောက်ရှိလာချိန်တွင် ပြောင်းလဲလာခဲ့သည်။ ရှမ်းနယ်များအပေါ် တရုတ်တို့၏ စိတ်ဝင်စားမှု သည် ပိုမိုကာထက်သန်လာခဲ့သည်။
၁၇၃၂ တွင် ယူနန်ဘုရင်ခံ သည် ရှမ်းစော်ဘွား များအပေါ် အခွန်အတုပ်အားရုတ်တရက် ၂ဆတိုးကာ ကောက်ခံလိုက်သည်။ ရှမ်းစော်ဘွားများ ကထိုအချက်ကိုလက်မခံနိုင်ပဲ မြန်မာ မင်းထံတင်ပြခဲ့ရာ မြန်မာ ဘုရင်၏ တပ်များကောင်းတုံ မြို့တွင် ရှမ်းစော်ဘြွးတပ်များနှင့် ပူးပေါင်းကာ ခံမြို့ တည်ဆောက်ခဲ့ရာ ကွင်မင်းဆက်နှင့် အခြေအနေများစတင်တင်းမာခဲ့သည်။
ပထမကျူးကျော်စစ်(၁၇၆၅-၁၇၆၆)
၁၇၆၅ နှစ်ဦးပိုင်းတွင် ယိုးဒယား သို့ချီတက်တိုက်ခိုက်ရန်အတွက် ကောင်းတုံ တပ်မှုးဗိုလ်ချုပ်နေမျိုးသီဟပိုက်၏ တပ်၂၀၀၀၀သည်မြို့ အားခေတ္တစွန့်ခွာခဲ့သည်။ ထိုအချိန်ကို အခွင့် ကောင်းယူကာ ယူနန်ဘုရင်ခံ လျူ သည် နယ်စပ်တွင် ကုန်သည်အခင်းချင်းဖြစ်ပွားသော အချင်းများမှု ကို ခုတုံးလုပ်ကာ ၁၇၆၅ ဒီဇင်ဘာတွင် မြန်မာ့ ပိုင်နက်အတွင်းစတင်ကျူးကျော်ခဲ့သည်။
၃၅၀၀၀ ခန့် အင်အားရှိ ပီကင်းနေပြည်တော်မှ အစိမ်းရောင် ကိုယ်ကြပ် တပ်ဖွဲ့နှင့် ယူနန် ထိုင်း တပ်ဖွဲ့ များသည်. ကောင်းတုံမြို့ အား လွယ်လင့်တကူသိမ်းပိုက်နိုင်ခဲ့သော်လည်း တလအကြာတွင် နေပ်ြညတော်မှ ဗိုလ်ချုပ် နေမျိုးစည်သူ ၏ တပ်များမှ လာရောက်တိုက်ခိုက်ရာတရုတ် တို့သည် မခံနိုင်တော့ ပဲ ဆုတ်ခွာခဲ့ရာ နေမျိုးစည်သူသည် ယူနန်နယ် ပျူ အာ လွင်ပြင်အထိ တရုတ်တို့အား လိုက်လံတိုက်လိုက်ခဲ့သည်။ ပထမစစ်ပွဲတွင် တရုတ်စစ်သည် ၃၀၀၀၀ ခန့် မြန်မာတို့၏လက်ချက် အစာရေစာပြတ်လပ်မှုနှင့်ရောဂါ ဘယတို့ကြောင့်ကျဆုံးခဲ့ရသည်။
ယူနန်လုရင်ခံ လျူသည် စစ်ပွဲ၏ ရှုံးနိမ့်မှုကြောင့် မိမိကိုယ် မိမိ လည်ချောင်း ကိုဖြတ်ကာအဆုံးစီရင်ခဲ့သည်။ အဆိုပါရှုံးနိမ်ံမှုကြောင့်ကွင် မင်းကြီးသည် အပြင်းအထန်ဒေါသပုန်ထခဲ့ပီး ဇီကျန်းနှင့် ဂွမ်ဇိုး နယ်များ ၏အားအောင်နိုင်ခဲ့သောနာမည်ကျော်စစ်သူကြီး ရန်ရင်ဂျူးအား ပြည်သိမ်းတပ်ဖွဲ့ ၏စတိအဖြစ်သေနာပတိအဖြစ်ခန့် အပ်ခဲ့သည်။
ဒုတိယကျူးကျော်စစ်( ၁၇၆၆-၁၇၆၇)
၁၇၆၆ နွေဦးတွင် ပြည်သိမ်းတပ်ဖွဲ့ အားစစ်သူကြီးရန်က စတင်ကွပ်ကဲမှုယူခဲ့သည်။ ရန်သည် ကောင်းတုံအားကျော်လွှားကာ အထက်ဗမာပြည်အား တိုက်ရိုက်ထိုးစစ်ဆင်ရန် အစီအစဉ် ရေးဆွဲခဲ့သည်။ အဆုံးစွန်သောရည်မှန်းချက်မှာမြန်မာပြည်တပြည်လုံးအားကွင်နိုင်ငံတော်အတွင်းသို့သွတ်သွင်းရေးပင်ဖြစ်သည်။ ရန်သည် ဗန်းမော်မြို့ ကိုတိုက်ခိုက်ခြေကုတ်ယူ ပြီး အင်းဝကိုတိုက်ရိုက် ချီတက်ရန်ဖြစ်သည်။ မြန်မာတို့သည် တရုတ်တို့၏ စီမံချက်ကို ကြို တင်ရိပ်စားမိခဲ့ပီး ဧရာဝတီမြစ်ကြောင်းတလျောက်ခံစစ် အစီအစဉ်များကောင်းစွာပြင်ဆင် ထားခဲ့သည်။
စစ်သူကြီးမဟာသီဟသူရသည် ဗန်းမော်မြို့ အားလက်လွှတ်ရန် အမိန့်ပေးခဲ့ပြီး ဗန်းမော်မြို့ တောင်ဘက် မိုင်အနည်းငယ်သာဝေးသော ကောင်းတုံမြို့တွင် စစ်သည်အင်အား ၂၅၀၀၀ ပြင်သစ် လူမျိုးအမြောက်တပ်ဖွဲ့ များနှင့် ခံစစ်ကို ခိုင်မာအောင်ပြင်ဆင်ထားခဲ့သည်.ထို့အတူ ယူနန်နယ်ခြား ကန်ဟောင်းမြို့ မှ မဟာသီဟ သူရအားလည်း တောင်ဘက်ခြမ်းမှပတ်ကာ ဗန်းမော်သို့ချီတက်စေသည်။
ဗန်းမော်-ကောင်းတုံထောင်ချောက်
ကွင်စစ်သည်တို့သည် ၁၇၆၆ ဒီဇင်ဘာတွင် ဗန်းမော်အား အခုအခံ မရှိသိမ်းပိုက်ခဲ့ပြီး ထောက်ပံ့ရေးစခန်းအဖြစ်အခြေချခဲ့သည်။ ကောင်းတုံ အားဆက်လက်တိုက်ခိုက်ခဲ့သော်လည်း ဗလမင်းထင် အင် ခုခံမှုကြောင့်တရုတ်တို့ အကျအဆုံးများခဲ့သည်။ ဒီဇင်ဘာ လကုန်တွင် မဟာသီဟသူရ၏ တပ်များတောင်ဘက်ရှမ်းတောင်တန်းများဆီမှဆင်းသက်လာသဖြင့် တရုတ် ၄၅၀၀၀ ခန့်မှ ဗန်းမော်မြို့ အတွင်း ပိတ်မိတော့သည်။
တရုတ်တို့ အင်အားစိတ်ဓာတ်ပိုင်းကျဆင်းလာချိန်တွင်မြန်မာတို့သည် ထိုးစစ်ကြီးဆင်နွဲတော့သည်။စစ်မျက်နှာနှစ်ဖက် ရင်ဆိုင်ရသော တရုတ်တို့သည် မခံနိုင်တော့ပဲ အရှေ့မြောက်ဘက် ယူနန်နယ်အတွင်းသို့ ဧရာဝတီမြစ်ရိုးအတိုင်းဆုတ်ခွာရာ မြစ်၏ အရှေ့မှ ဗလမင်းထင်၏တပ်ဖွဲ့များ အနောက်ဘက်မှ မဟာသီဟသူရ၏ တပ်ဖွဲ့များမှထက်ကြပ် လိုက်စစ်ဆင်ချေမှုန်းခဲ့ရာယူနန်နယ် အတွင်းရှိ တရုတ်ပိုင် မြို့ ၇မြို့ အားဆက်လက်သိမ်းပိုက်ရရှိခဲ့သည်။
အောင်နိုင်သူမြန်မာတပ်များသည် အမြောက်လက်နက်ရွှေငွေ များအား တရုတ်မြို့ များမှသိမ်းဟူ ကာမေလတွင် အင်းဝနေပ်ြညတော်သို့ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ်ဧကရာဇ်ကွင်လောင်း သည် စစ်သူကြီးရန်အား မိမိကိုယ် မိမိ အဆုံးစီရင်ရန်အမိန့် ချမှတ်လဲ့သည်။
တတိယကျူးကျော်စစ်(၁၇၆၇-၁၇၆၈)
စစ်ပွဲ ၂ကြိမ် ရှုံးနိမ့်ပြီးနောက် တရုတ်ဧကရာဇ်သည်မြန်မာတို့အား နိုင်ငံငယ်ဟူပီးအထင်မသေး ၀ံ့ တော့ချေ။ ၁၇၆၇ တွင် မန်ချူး နာမည်ကျော်စစ်သူကြီး မင်းယွေ့ အားစစ်သေနာပတိခန့် အပ်ခဲ့သည်။ မင်းယွေ့သည်ဧကရာဇ်၏ သမက်တော်လည်းဖြစ်သည်။
မင်းယွေ့သည် မိုးကုန်ပိုင်းတွင်စစ်ကြောင်း ၂ကြောင်းခွဲကာ ထိုးစစ်ဆင်ရန်စီစဉ် ခဲ့သည်။ ပင်မစစ်ကြောင်း ကို၎င်းကိုယ်တိုက်ဦးစီးကာ နမ္မတူချောင်းအတိုင်းလာရှိုး ကိုသိမ်းပိုက်ရန်နှင့်ဗိုလ်ချုပ် အီတန်ဂီ ဦးစီးဒုတိယစစ်ကြောင်းသည် ဗန်းမော်လမ်းကြောင်းအတိုင်းချီတက်ရန်ဖြစ်သည်။ စစ်ဆင်ရေးရည်မှန်းချက်မှာ အင်းဝမြို့တော်အား အရှေ့ အနောက်နှစ်ဖက်ညှပ်ရန်ဖြစ်သည်။
မြန်မာတို့ သည် အီတန်ဂီ ၏ဒုတိယစစ်ကြောင်းအားကောင်းတူံ မှနေမျိုးစည်သူ ဦးစီးထိန်းချုပ်ပီး ဗလမင်းထင်နှင့် မဟာသီဟသူရတို့၏ တပ်များက အရှေ့မြောက်ဘက်တွင် ပင်မစစ်ကြောင်းအား ထိန်းချုပ်ရန်ဖြစ်သည်။
၁၇၆၇ တွင်နိုဝင်ဘာတွင် မင်းေးယွေ့ယွ့၏တပ်များ သည်ဗန်းမော်ကိုသိမ်းပိုက်ပီး ကောင်းတုံတောင်ဘက် ဟန်စင် အား ရိက္ခာထောက်စခန်းအဖြစ် စစ်သည် ၅၀၀၀ နှင့်အစောင့် ချထားခဲ့သည်။ စစ်သည် ၁၅၀၀၀၀ ဖြင့် အင်းဝသို့ဆက်လက်ချီတက်ခဲ့သည်။ဒီဇင်ဘာနှောင်းပိုင်းတွင် ဂုတ်ထိပ်တွင် နေမျိုးစည်သူတပ်များနှင့် ရင်ဆိုင်ခဲ့ရာ သီဟစည်သူတပ်များဆုတ်ခွာပေးခဲ့ရသည်။ ထိုအချိန်တွင် မဟာသီဟသူရ၏ တပ်များသည် ဟတ်စင်အားနောက်ပိုင်းမှဝင်ရောက်တိုက်ခိုက်ပီးရန်သူ့ ရိက္ခာထောက်လမ်းအားဖြတ်တောက်ခဲ့သည်။
မင်းယွေ့ တပ်များသည် ဆုတ်ခွာသြွးသောနေမျိုးစစ်သူ၏ တပ်များနောက်သို့တောက်လျောက်လိုက် ခဲ့ရာ ၁၇၆၈ နှစ်ဦးတွင် အင်း ၀မြို့ မြောက်ဘက် မိုင် ၃၀အကွာစဉ့် ကူးမြို့ သို့ ရောက်ရှိလာခဲ့သည်။သို့သော်လည်း တောင်ဘက်မှ အီတန်ဂီ၏ တပ်များက်ု မဟာသီဟသူရမှထိန်းချုပ်နိုင်ခဲ့သဖြင့် လက်မနှစ်ဖက်မှာ ဟန်ချက်ပျက်သွားခဲ့သည်။
အငါးဝခံစစ်တွင် ဆင်ဖြူရှင်မင်းကိုယ်တိုင်ဦးစီးပီး စဉ့်ကူရှိ တရုတ်တို့ကိုတန်ပြန် ထိုးစစ်ဆင်နွဲရန် ညီတော်မင်းသားများနှင့် တိုက်ပင်ခဲ့သည်။
တရုတ်တို့ ၏ရှည်လျားလှသော ထောက်ပံ့ရေးလမ်းကြောင်းအား ဗိုလ်မှူး တိမ်ကြားမင်းခေါင်၏ ပြောက်ကျားတပ်ဖွဲ့ များက အဆက်မပြတ်ဖြတ်တောက်တိုက်ခိုက်ကြသဖြင့် တရုတ်တိုကမှာရိက္ခာခဲယမ်း များစွာ အခက်အခဲတွေ့လာခဲ့သည်။
မင်းယွေ့ ၏အခြေအနေသည် ခံစစ်သို့ကူးပြောင်းလာခဲ့သည် တောင်ဘက်မှ အီတန်ဂီ ၏ဒုတိယစစ်ကြောင်းသည်လည်း ကောင်းတုံမှ အကျအဆုံးများစွာ ဖြင့် ဆုတ်ခွာခဲ့ရသဖြင့် မင်ယွေ့သည် ဆုတ်ခွရြန်ပြငိဆင်ခဲ့ပီး ၁၇၆၈ နှစ်ဦးတွင် ဆုတ်ခွာခဲ့ပီး မင်ယွေ့သည် ဟန်ဆင်အရောက်သည် တွင် အဆုံးစီရင်ခဲ့သည်။ ထောင်ပါင်းများစွာသောတရုတ် ဧကရာဇ်၏ နာမည်ကျော် အလံကိုင် တပ်ဖွဲ့ (Bannerman) ၀င်များသည် ရှမ်းတောင်တန်း တကြောတွင် မြန်မာတို့၏ တိုက်ခိုက်မှု ရောဂါဘယတို့ကြောင့် သေဆုံးခဲ့ရသည်။
စတုထ္တ ကျူးကျော်စစ် (၁၇၆၉)
ကွင်လောင်ဧကရာဇ်သည် ၄င်း၏ ၀ါရင့်စစ်သူကြီး ဖူဟောင်းအား အလံကိုင်တပ်ဖွဲ့ဝင် ၆၀၀၀၀ အား ကွပ်ကဲရန်တာဝန်ပေးအပ်ခဲ့သည်။ဖူဟောင်းသည် တပ်တော် ၃ခုဖြင့် စ်မျက်နှာ ၃ခုမှတိုက်ခိုက်ရန် စီမံခဲ့သည်။စစ်ောကာင်း ၁ခုသည် ဗန်းမော်နှင့်ကောင်းတုံအားတိုက်ခိုက်ရန်။အခြား တပ်တော် ၂ခုသည် ဗန်းမော်နှင့် ကောင်းတုံ အားရှောင်ကွင်း ကာ ဧရာဝတီ မြစ်ကမ်း တစ်ဖက်တစ်ချက်မှ မြစ်ရိုးအတိုင်းအင်းဝသို့စုတ်ဆင်းတိုက်ခိုက်ရန်။ မြစ်အတွင်းမှတပ်တော်အားအထောက်အကူပြုရန် ဖူဂျီရန်ရေတပ်ဖွဲ့ မှစစ်လှေ ရာပေါင်းများစွာပါဝင်ပါသည်။
မြန်မာတို့သည်မဟာသီဟသူရအား စစ်သေနာပတိအဖြစ်ခန့်အပ်ကာ ဗလမင်းထင်အားကောင်းတုံ တပ်မှူး အဖြစ်တာဝန်ပေးအပ်ခဲ့သည်။မြန်မာတပ်ဖွဲ့ တွင် ပြင်သစ် စစ်ဗိုလ် ပီရီး ဒီမီလာ့၏ နာမည်ကျော် မာစကပ်တီးယားစစ်သည် များသည် ဗလမင်းထင် ၏ လက်အောက်တွင်ပါဝင်ခဲ့သည်။
မဟာသီဟသူရသည် ဘုရင့် ရေတပ်နှင့်အတူ အောက်တိုဘာလဆန်းတွင် ဗန်းမော်သို့ချီတက်ခဲ့သည်။ ဖူဟောင်းသည် မိုးမကုန်မီပင် အလောင်းအစားဆန်စွာဖြင့် ထိုးစစ်ကိုစတင်ခဲ့ပီး အစီအစဉ်အတိုင်းဗန်းမော် ကောင်းတုံမြို့များအားသိမ်းပိုက်ရ်ချီတက်ခဲ့သည်။
သို့သော်လည်း တရုတ်တပ်များအားဗလမင်းထင်မှ ကောင်းတုံတွင်ထိန်းချုပ်နိုင်ခဲ့ယုံမျှ မက မြစ်ကြောင်းအတိုင်းချီတက်လာသောတရုတ်စစ်ကြောင်းများသည် မြန်မာရေတပ် ကြည်းတပ်တို့၏ နှစ်ဖက်ညှပ်ထိုးစစ်များကြောင့် အကျအဆုံးအလွန်တရာများပြားခဲ့ပါ
သည်။ ရွှေညောင်ပင်ခံတပ်အားသိမ်းပိုက်နိုင်ခဲ့သော်လည်း ကောင်းတုံ နှင့် ဗန်းမော် မဟာသီရသူရတပ်များကတရုတ်တို့အား လုံးဝနီးပါးဝိုင်းပတ်ပိတ်ဆို့ခဲ့ပီး နိုဝင်ဘာလအတွင်းတွင် ရွှေညောင်ပင် အားပြန်လည်သိမ်းပိုက်ခဲ့သည်။ ထိုအချိန်တွင် တရုတ်တပ်များသည် ဗန်းမော် ကောင်းတုံ ရွှေညောင်ပင်စက်ဝိုင်းအတွင်းလုံးဝပိတ်ဆို့ခံလိုက်ရတော့သည်။
တရုတ်စစ်သည် ၂၀၀၀၀ ကျော်ကျဆုံးခဲ့ပီး ပိတ်ဆို့ခံရသောအချိန်တွင် မဟာသီဟသူရသည် ဖူဟောင်းထံအောက်ပါအတိုင်းသ၀ဏ်လွှာပို့လိုက်သည်
အဆွေတော်စစ်သူကြီး ယခု ငါသင်တို့ကိုဝိုင်းထားသည် ယခု အခြေအနေမှာငါတို့နိုင်သည် သို့သော် ယခု သင်၏ တပ်ရှုံးရင် နောက်တတပ်သင်တို့ထပ်လာမည် နောက်တတပ် ပီးနောက်တတပ် ထပ်လာမည်သို့ဖြစ်ကား ပြည်သူတို့ ကားနားနေရမည်မဟုတ် ငါတို့နှစ်ဖက်ပြည်သူအကျိုးရည်ကာ စစ်ပြေငြိမ်းရအောင် ဟု ဆိုလေသည်။
သို့ဖြစ်သဖြင့် ၁၇၆၉ ဒီဇင်ဘာ ၁၃ရက်နေ့တွင် ကောင်းတုံတွင် အောက်ပါအချက်များပါဝင်သော စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုခဲ့သည်-
၁ တရုတ်ပြည်အတွင်းခိုလှုံနေသောမြန်မာမင်းအားပုန်စားသူစော်ဘွားများ သူပုန်များအားလုံး လက်နက်စွန့်ရမည်
၂ တရုတ်တို့အနေဖြင့်မြန်မာပိုင် ရှမ်းဒေသအားထိပါးခြင်းမရှိစေရ မြန်မာတို့၏ အချုပ်အခြာပိုင်နက်ကိုလေးစားရမည်
၃နှစ်ဘကါစစ်သုံ့ ပန်းများပြန်လွှတ်ရမည်
၎နှစ်ဖက်မင်းများ မဟာမိတ်အဖြစ်ချစ်ကြည်စွာ ဆက်ဆံကာ အပြန်အလှန်သံတဲများထားရှိရမည်။
ထိုသို့ဖြင့် တရုတ်မြန်မာစစ်ပွဲကြီးပြီးဆုံးခဲ့ပါသည်။
(ကြယ်နီ)

Thursday, August 28, 2014

အနှိမ်ခံမြန်မ့ာခွေးများ



ယနေ့အချိန်တွင် မြန်မာနိုင်ငံမှခွေးများသည် ခွေးခြင်းတူသော်လည်း ပြည်ပမှခွေးများလောက် မျက်နှာသာပေးခြင်း မခံရဖြစ်နေပါသည်။အဆို ပါပြည်ပမှာလာသောခွေးများမှာ အစာရေစာပေါများရုံသာမက ရေချိုးပေးခြင်း၊ အမွှေးနံသာများလိမ်းခြယ်ပေးခြင်း၊ စိန်ရတနာများ ၀တ်ဆင် ပေးခြင်းစသည့်အပြင် အချို့ဆိုလျှင် ကားများပင်ဝယ်ပေးထားကြရာ ၄င်းတို့၏ အဆင့်အတန်းမှာ လွန်စွာပြည့်စုံနေပါသည်။ သို့သော် သေချာစာလေ့လာကြည့်ပါက ၄င်းတို့အနေဖြင့် မြန်မာခွေးများကို မမီသည့် အချက်များစွာ ရှိနေပါသည်။ကျွေးသည်ဖြစ်စေ၊ မကျွေး သည်ဖြစ်စေ သခင့်အပေါ်အချစ်မပြယ်ပဲ တာဝန်ကို ကျေပွန်စွာဖြင့် အနားမှမခွာ စောင့်ရှောက်လျက်ရှိသည်မှာ မြန်မာခွေးများပင်ဖြစ်ပါသည်။ ခြံကိုလုံအောင်စောင့်တယ်၊ သခင့်စည်းစိမ်တွေကို တစ်ခုမှ အပွန်းအပဲ့မခံပေမဲ့ သူတို့အပေါ်တန်ဖိုးထားမှုကတော့ နိုင်ငံခြားခွေးများနှင့်ယှဉ်လျှင် မိုးနှင့်မြေလိုကွာခြားနေပါသည်။ထို့ကြောင့် ခွေးအခွင့်ရေး ဆုံးရှုံးနေရမှုများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ခံစားချက်များ ရှိနေ မည်ကို သိရှိလိုသောကြောင့် အောင်နက်ဟုအမည်ရသော ခွေးတစ်ကောင်နှင့် ကေတီဗီသတင်းထောက်ကိုစောထက်ဆွေဦးတို့ အင်တာနက်အပေါ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါသည်--

မေး--မင်္ဂလာပါ အောင်နက်ရေ

ဖြေ- ဟုတ်ကဲ့ ကျွန်တော်လည်း မင်္ဂလာပါဗျာ- မိဘပြည်သူများအားလုံးကိုလည်း နှုတ်ခွန်းဆက်သပါတယ်။

မေး--ဒီနေ့အချိန်မှာ ခင်ဗျားတို့အခြေအနေနဲ့ ပြည်ပခွေးတွေရဲ့အခြေအနေတွေက အများကြီးကွာခြားနေတယ်နော်အဒီအပေါ်ဘယ်လိုများခံ စားမိသလဲဦးစွာသိလိုပါတယ်။

ဖြေ-- ဟုတ်ကဲ့ပါ ပြည်ပကခွေးတွေနဲ့ ကျွန်တော်တို့ခွေးတွေက ရုပ်ပိုင်းဆိုင်ရာအရ လွန်စွာပဲခြားနားနေပါတယ်။ဒါပေမဲ့စွမ်းဆောင်ရည်ပိုင်း မှာတာ့ သူတို့အထက်သာတဲ့အချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုကို မမက်မောပေမဲ့ လူတွေရဲ့ အလေးထားမှုကို မရ တာတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။

မေး--ခင်ဗျားတို့ရဲ့ ပြည်ပခွေးတွေထက်သာလွန်တဲ့အချက်တွေကိုလည်း အနည်းငယ်ပြောပြပေးပါဦး။

ဖြေ- ဒါတွေကို အလွယ်တကူသိနိုင်တာပဲဗျာ ဥပမာ၊ ခြံကိုလုံခြုံအောင်စောင့်ရှောက်ပေးတယ်။ရန်သူလာရင်ရဲရဲရင့်ရင့်ရင်ဆိုင်ပေးတယ်၊ ခိုင်းသမျှမငြီးမငြူလုပ်ပေးတယ်၊ သခင့်အလိုကျဘာမှာ ငြင်းပါတယ်မရှိဘူး။ အဓိကအားသာချက်က ကြမ်းကြမ်း တမ်းတမ်း နေနိုင်စားနိုင်တယ်။ဒါတွေက ပြည်ပခွေးမှာတွေ့ဖို့မဖြစ်နိုင်ဘူးနော်။

မေး-- ဟုတ်ပါတယ်ဗျာ။ဒါပေမဲ့ လူတွေက ခင်ဗျားတို့ထက် ပြည်ပခွေးတွေကိုပဲ ပိုပြီးတန်ဖိုးထားနေကြတယ်။ဒါက ရောဘယ်လိုကြောင့် လို့ထင်ပါသလဲ။

ဖြေ- ဒါတွေကခေတ်ရဲ့ တောင်းဆိုမှုကြောင့် လို့ပဲ မြင်မိပါတယ်။ ဒီနေ့အချိန်မှာ လူတွေကခွေး(သို့) animals တွေကို မွေးတာဟာ အသုံး ၀င်မှုထက် ဖက်ရှင်လိုသဘောထားလာကြတာပါ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာတွေကို ပိုပြီးအလေးထားလာကြတယ်။သူတို့တွေက လူနဲ့အတူ မွေ့ရာတို့ ကုတင်တို့နဲ့ အိပ်နိုင်ကြတယ်။ကျွန်တော်တို့က လာဘ်တိပ်တယ်ဘာတယ်နဲ့ အိမ်ပေါ်များ ယောင်ပြီးမတက်လိုက်နဲ့ သေ သွားမယ်မှတ်ထား၊ ဒါပေမဲ့ ခွေးကခွေးပါပဲဗျာ။

မေး-- ဒါပေမဲ့ ခင်ဗျားတို့က တွေ့ရာမှာနေတယ်၊ တွေ့ကရာစားတယ်၊ ရောဂါထူပြောတယ်၊ သားတွေကလည်း အရမ်းပေါက်တယ်လို့ လူတွေက ဝေဖန်နေကြတယ်လေ။ ဒီလိုဝေဖန်မှုတွေကိုရော ခင်ဗျားကဘယ်လိုတုံ့ပြန်ပြောကြားလိုပါသလဲ။

ဖြေ- ဒါကတော့ လူတွေက မတရားပြောကျတာပဲဗျာ။ ခွေးတွေစည်းကမ်းရှိအောင်လုပ်ရမှာ လူတွေမှာ အဓီကတာဝန်ရှိတာပါ။လူတွေကိုယ် တိုင်ကရော ကျွန်တော်တို့ကို နေရာသတ်သတ်မှတ်မှတ်ထား၊ အစာသတ်သတ်မှတ်ကျွေးပြီး ကာကွယ်ဆေးပုံမှန်ထိုးပေးလို့လား၊ ပြည်ပကဈေးကြီးပေးဝယ်ထားတဲ့ ခွေးကျတော့ဒီလိုမဟုတ်ဘူးလေ၊ သားတွေအရမ်းပေါတ်တယ် ဆိုတာလည်း တားဆေးတွေဘာတွေထိုးပေးလို့ရပါတယ်။ အဓိကတန်ဖိုးထားမွေးမဲ့ သခင်ပဲလိုတာပါ။ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ စွမ်းဆောင်ရည်တွေက မနိမ့်ကျပါဘူးဗျာ။

မေး--ဒါဆို ဒီနေအချိန်မှာ လူတွေကခင်ဗျားတို့အပေါ် လုံးဝတန်ဖိုးမထားတော့ဘူးလို့ဆိုချင်တာလား။

ဖြေ- ဒီလိုတော့မဟုတ်ဘူး ရုပ်ရှင်စကားနဲ့ပြောရရင် ကျွန်တော်တို့တွေကနယ်ကြိုက်မင်းသားတွေပါ။ မြို့ပြတွေမှ လုံးဝနေရာမရပဲ ခွေးဝဲစားဘ၀နဲ့ အသက်ဆုံးရှုံးရတာများပေမဲ့ နယ်တွေမှာတော့ ကျွန်တော်တွေက တန်ဖိုးထားခံနေရဆဲ့ဖြစ်ပါတယ်။မြို့ ပြမှာရှင်သန်ရပ်တည်ရတဲ့ခွေးတွေရဲ့ဘ၀တွေက အရမ်းကိုခက်ခဲလွန်းပါတယ်ဗျာ၊ အားထားစရာဆိုလို့ မြို့အစွန်က ဘုန်းကြီးကျောင်းတွေပဲရှိတယ်။ကျန်တဲ့နေရာမှာ ဖြစ်သလိုနေဖြစ်လိုစား ဘ၀နဲ့ပဲရုံးကန်နေကြရတာပါ။ဘယ်သူမှလည်း မစာနာကြဘူး ခွေးတစ်ကောင်ရဲ့တန်ဖိုးကလည်း အရမ်းကို နိမ့်ကျရပါတယ်။မြို့ပြဒေသတွေတိုးလာတာနဲ့အမျှ ကျွန်တော်တို့အတွက် ရပ်တည်ဖို့ခက်ခဲလာမယ်လို့ ခန့်မှန်းမိပါတယ်။

မေး-- နောက်ဆုံးတစ်ခု အနေနဲ့ စာဖတ်ပရိတ်သတ်ကြီးကို ဘာများပြောကြားချင်ပါသလဲ။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကိုလည်း အသိအမှတ်ပြုပေးကြပါ။ ရုပ်ပိုင်းဆိုင်ရာတွေမမက်မောပါဘူး ။ခွေးလို့ အသိအမှတ်ပြုပေးရင်တော်ပါပြီ။စနစ်တကျနဲ့စည်းကမ်းရှိရှိမွေးရင် ကျွန်တော်တို့တွေဟာ လည်း ပြည်ပခွေးတွေထက်မနိမ့်ကျပါဘူး။ မည်သို့ပင်ဖြစ်စေကာမူ တန်ဖိုးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ မြန်မာခွေးတစ်ကောင်ရဲ့ ရှိရင်းစွဲစွမ်းဆောင်ရည်များဖြစ်တဲ့ သခင်အပေါ်ချစ်ခင်မြတ်နိုင်းခြင်း၊စောင့်ရှောက်ကာကွယ်ခြင်း ကြုံရာစားပြီး အကြမ်းတမ်းခံနိုင်မှုတွေက ပျောက်ပျက်မသွားပါဘူး။အသိ အမှတ်ပြုတန်ဖိုးထားပေးကြပါလို့။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။

(ရတဂန်)

၁။ကိုယ်ပိုင်အမှတ် ၆၉၅၀၁၇
၂။အဆင့်/အမည် တပ်သားကျော်မြင့်(ကျဆုံး)
၃။အမြင့်ဆုံးရှိသည့်ဘွဲ့/ရရှိသည့်နှစ် သီဟသူရ(၁၉၉၂)
၎။ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်နေသည့် အမှတ်(၄)ခြေမြန်တပ်ရင်း
တပ်ရင်း
၅။ဘွဲ့အပ်နှင်းခံရသောအမိန်အာဏာ ၃/အထူး/၉၂
၆။ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ကိုယ်ပိုင်အမှတ် ၆၉၅၀၁၇ တပ်သားကျော်မြင့်
(ကျဆုံး)သည်ပွိုင့် ၄၀၄၄ (ခွေးအိပ်တောင်)ရန်သူ့စခန်းတောင်ကုန်းအား
တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်ရှေတန်းအမှတ်(၄)ခြေမြန်တပ်ရင်း၏ချေမှုန်းရေးအဖွဲ့(၁)တွင်ဆန္ဒပြုပါဝင်ခဲ့သည့်စစ်သည်တစ်ဦးဖြစ်သည်။
ရန်သူ့တောင်ကုန်းအား (၀၄၀၀)နာရီအချိန် စတင်ချဉ်းကပ်ချိန်တွင်
တပ်သားကျော်မြင့်သည်ရှေ့ဆုံးမှတက်ရောက်ခဲ့ပါသည်။ ရန်သူအား
အတင်း ပစ်တက်တက် ကျားထိုးတိုက်ခိုက်ချိန်တွင် တပ်စုမှုးဖြစ်သူ ဗိုလ်
လှမင်း၏ အမိန်အတိုင်းရဲဝံ့စွာတိုက်ပွဲဝင်ခဲ့သည်။တပ်သားကျော်မြင့်သည်
ရန်သူ့လက်ပစ်ဗုံး အနီးကပ်ကျရောက်ပေါက်ကွဲ သဖြင့်လက်ဝဲခြေသလုံး
တွင်ဒဏ်ရာရရှိခဲ့ပါသည်။ဒဏ်ရာရရှိခဲ့သော်လည်း ဆေးထည့်ရန်ရပ်နား
ခြင်းလုံးဝမပြုဘဲ စခန်းငယ်(၂)ခုအားသိမ်းပိုက်နိုင်သည်အထိတိုက်ပွဲဝင်ခဲ့
ပါသည်။
၎င်းမှတဆင့် နောက်ဆုံးတောင်ကုန်းထိပ်အား သိမ်းပိုက်ရန် ဗိုလ်
သော်ခင်ထွန်း ဦးစီး(၅)ယောက် အဖွဲ့တွင်တပ်သားကျော်မြင့်သည်ဆက်
လက်၍လိုက်ပါတိုက်ပွဲဝင်ခဲ့သည်။ရန်သူပစ်ခတ်မှုအောက်ကျဉ်းမြောင်း
သောတောင်ကြောတွင် ချဉ်းကပ်တိုက်ပွဲဝင်စဉ် ၄င်းအဖွဲ့(၅)ဦး ကြားသို့
ရန်သူ့လက်ပစ်ဗုံးတစ်လုံး ကျရောက်ခဲ့ပါသည်။လက်ပစ်ဗုံးပေါက်ကွဲ ပါက
အရာရှိ/စစ်သည်အားလုံး ဒဏ်ရာရရှိမည့် အခြေအနေကိုလည်းကောင်း
နောက်ဆုံး တောင်ကုန်းထိပ်ပေါ် လက်တကမ်းအကွာ သိမ်းပိုက်ရန်ကို
လည်းကောင်း တပ်သားကျော်မြင့်သည် ကြုံတွေ့ရသောအခြေအနေ ၌
ရန်သူ့စခန်းသိမ်းပိုက်ရရှိရေး ရဲဘော်ရဲဘက်စိတ် ရဲဝံ့စွန့်စားသောစိတ်ဓါတ်
အပြည့်အဝဖြင့်လက်ပစ်ဗုံးအားဝမ်းလျားမှောက်ကာကွယ်လိုက်ပါသည်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် တပ်သားကျော်မြင့် ကျဆုံးသွားခဲ့ပါ
သည်။ဤသို့တပ်မတော်သားပီသစွာ ခိုင်မာသောစိတ်ဓါတ် မဆုတ်မနစ်
သောဇွဲ တိုဖြင့် ရေကုန်ရေခန်း တိုက်ပွဲဝင်ခဲ့သော ကိုယ်ပိုင်အမှတ်
၆၉၅၀၁၇ တပ်သားကျော်မြင့် အားနိုင်ငံတော်က သီဟသူရ ဘွဲ့ တံဆိပ်
ချီးမြှင့်ခြင်းဖြစ်သည်။

တပ်မတော်ရွှေရတုမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်


အကြိမ်ကြိမ်မွေးဖွား သွေးသားနဲ့ဆောက်တည် ဒါ… ငါတို့ပြည်

ရဲကျော်သူရ

“အူး….အီး…..အား…အ…အ….အား…အား..အား..အား…အူး…ဝူး…ဝူး….အုအု….အား…”

“ဟားဟားဟားဟား…”

“ဟီးဟီးဟီး…”

တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လုမတတ် နာကျင်မှုနေပေမဲ့ အငြိုးတကြီး နှိပ်စက် ထားတဲ့ ဒဏ်ကြောင့် စူးစူးဝါးဝါးအော်လိုက်တဲ့ အသံက လည်ချောင်းထဲကနေ အပြင်ထွက်လာသလား၊ မထွက်လာဘူးလေားဆိုတာကိုတောင် ခန့်မှန်းလို့မရတော့။ နာလှချည် ရဲ့ မေမေ…။

“ဟေ့ကောင် ဗမာစစ်ဗိုလ်…၊ ပြောလေကွာ။ မင်းတို့တပ်တွေ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ..။ ဒီကောင် တော်တော်ခေါင်းမာတဲ့ ကောင်ပဲကွ…”
ငါဟာ တပ်မတော်သား၊ ငါဟာ တပ်မတော်အရာရှိတစ်ယောက်၊ DSA Never Surrender ကွ…၊ သတ်ပစ်လိုက် ဘယ်တော့မှ မပြောဘူး ဆိုတဲ့စကားတွေ က နုတ်ခမ်းဖျားကထွက်ကျမလာနိုင်ပေမဲ့ နောက်ဆုံးအချိန်ကို စောင့်နေတဲ့ မျက်လုံးတွေထဲမှာ သစ္စာ တရားနဲ့ ခံစားချက်တွေကို တရိပ်ရိပ်ဖေါ်ပြနေလေရဲ့…။

“ညီလေး…ခေါင်းမမာပါနဲ့ကွာ။ လူ့ဘဝဆိုတာ ရခဲတယ်နော်…။ မင်း ငါတို့မေးနေ တာကို အေးအေးဆေးဆေးဖြေပြီး ငါတို့နဲ့ ပူး ပေါင်းလိုက်စမ်းပါ။ မင်းအသက်ရှင်ဖို့ ငါတို့ လုံးဝတာဝန်ယူတယ်။ မင်းကို ငါတို့ဆီမှာ အရာရှိ ပြန်ခန့်မယ် ကွာ။ ကဲ… ခေါင်း မမာနဲ့တော့နော်။ မင်းကိုလည်း ဘယ်သူမှ လာကယ်နိုင်တော့မှာ မဟုတ်ဘူး။ ပြော… ညီလေး…ပြော။”

ခံစားချက်မဲ့ မျက်လုံးကြီးတွေနဲ့ ပြန်ကြည့်လိုက်တဲ့ ငါ့ရဲ့ အကြည့်တွေက သူတို့ဒေါသကို ပိုပြီးဆူလောင်ပေါက်ကွဲစေမယ်ဆိုတာ ငါသိတာပေါ့။ ဒါပေမဲ့ ငါ… တစ်ခါပဲ အသေခံတော့မယ်…။

“ဒီလောက်တောင်ခေါင်းမာတဲ့ကောင် လှီးစမ်းကွာ ပေါင်သားတွေကို၊ အေး… ဗမာစစ်ဗိုလ်သားကို အရက်နဲ့မြည်းကြတာပေါ့ကွာ”

တစ်ကိုယ်လုံး အကြားအလပ်မရှိ လူမဆန်တဲ့နည်းတွေနဲ့ စိတ်ကြိုက်နှိပ်စက်လို့ အားမ ရနိုင်သေးတဲ့ လူစိတ်ပျောက်နေတဲ့ ရန်သူ ရဲ့ ဓားချက်တွေက ငါ့ရဲ့ ခြေသလုံး၊ ပေါင်၊ ဝမ်းဗိုက်တွေအပေါ်ကို ငါးခူဆားလှမ်းခါနီးဓားနဲ့မွှန်းသလို ဟက်ခနဲ ပက်ခနဲ၊ တစ်ခါ မွှန်းလိုက်တိုင်း ရဲခနဲ၊ ပွက်ခနဲ ပွင့်အန်ထွက်ကျလာတဲ့သွေးတွေနဲ့အတူ တစ်ဝက် တစ်ပျက်လွင့်မျောနေတဲ့ ဝိဉာဉ်က သစ္စာလေး ချက်ကို ပီပီသသ ရွတ်ဆိုနေလေရဲ့။

“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်၊
ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်၊
င့ါအား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကြေပွန်စွာ ထမ်းဆောင်ပါမည်၊
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏…။”

“အား….အ..အ…အား….အူး………..အီး….”

အငြိုးကြီးလှတဲ့ ဓားချက်တွေ၊ ဘယ်နှချက်မှန်း မမှတ်မိတော့။ သိမ်ငယ်စိတ်၊ ရန်လိုမုန်း တီးမှု၊ အမုန်းတရားနဲ့ ပိတ်လှောင်ခံထားရ တဲ့ နှလုံးသားတွေမှာ စာနာမှုဆိုတာ နတ္ထိ။

“ပြောလေကွာ၊ ဟေ့ကောင် ဗမာစစ်ဗိုလ်၊ ဘာတဲ့…DSA Never Surrender… ဟုတ်လား၊ ဟားဟားဟား…”

အမုန်းတရားနဲ့ လည်နေတဲ့မျက်လုံးတွေက ဆေးကြောင်နေတဲ့မျက်လုံးတွေလို၊ စိတ္တဇလူသတ်သမားတစ်ယောက်လို…။

“ဟာ…လှီးပါဆို ဘယ်လိုလှီးနေတာလဲ၊ မင်းအမေလင်မဟုတ်ဘူးကွ၊ ဖယ်စမ်း… ဒီဗမာ စစ်ခွေးကို ဒီလိုလှီးရတယ်.. တွေ့လား …အော်လေကွာ၊ မင်းတို့ စစ်တပ်က သင်ပေး ထားတဲ့အတိုင်း အော်လိုက်စမ်းပါဦး…၊ ဟားဟားဟား …ဟားဟားဟား..ဟားဟား ဟားဟား…ဟားဟားဟားဟားဟား…..”

နာကျင်လွန်းလို့ ငြီးတွားလိုက်တဲ့ အသံက ရယ်သံတွေအောက်မှာ ပျောက်သွားတယ်။ သတ်လိုက်ပါတော့ကွာ…။

“ဟားဟား…ဗမာကောင်၊ မင်းကို သတ်စေချင်နေပြီ မဟုတ်လား၊ အေး သတ်မှာပါကွာ၊ စိတ်ချ သတ်ပေးမယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ မင်းကို စိတ်တိုင်းကျ နှိပ်စက်ပြီးမှ သတ်မယ်…ဟီးဟီးဟီး..ဟုတ်ပြီလား၊ ငါတို့တော်လှန်ရေးတပ်တွေရဲ့ စွမ်းရည်ကို မင်းလို ဗမာ စစ်ခွေးတစ်ယောက် မသေခင် အဝမြည်းစမ်း သွားနိုင်အောင် နှိပ် စက်ပေးရ ဦးမယ်လေကွာ…၊ ဟီးဟီးဟီး… ဟားဟား ဟား ဟား ဟား … ဟေ့ကောင်၊ ဗမာစစ်ခွေး ကြောက်နေပြီလားကွ…။”

ရန်သူ့ကျော့ကွင်းထဲဝင်တိုးမိသွားတဲ့ ငါ့တပ်စု၊ ရန်သူ့လက်ယှက်ထိုး ပစ်ခတ်မှုအောက်မှာ ငါ့စစ်သည်တွေ ငါ့ရှေ့မှာ တစ်ယောက် ချင်းကျ…၊ ရင်ထဲကို ဓားဦးချွန်နဲ့ တမျှင်းမျှင်းထိုး ဆွလိုက်သလို နာကျင်လှချည်ရဲ့…။ ခွင့်လွှတ်ပါရဲဘော်တို့…။ အရပ် မျက်နှာစုံက ပလူပျံလွင့်ထွက်လာတဲ့ ရန်သူ့ကျည်တွေထဲက တစ်တောင့် ငါ့ညာဘက်ပခုံး ကို ဖေါက်ထွက်သွားခဲ့တဲ့အချိန်၊ တဖြည်းဖြည်း သွေး ထွက်များလာ၊ နီးစပ်ရာလျှိုထဲကို လှိမ့်ချ။

သွေးကမတိတ်၊ သွေးနံ့ရလို့ တဖြုတ်ဖြုတ် ပြုတ်ကျလာတဲ့ ဒက်တွေက ဒဏ်ရာပေါ် မှာ ခွေးဘုရားပွဲတွေ့သလို ပွဲတော်တည်နေကြ လေရဲ့။

ဒီအတိုင်းဆို သွေးထွက်လွန်ပြီး တောထဲမှာ အချည်းနှီးသေတော့မယ် …… မဖြစ်ဘူး။ တိုက်ပွဲဖြစ်တဲ့နားက ရွာကလေးကို ပြန်သွားမှ..။ အဲဒီမှာ အနူးတို့ရှိတယ်လေ။ ငါ့ကို ဆေးရုံလိုက်ပို့ကြမှာပါ။ မာရ်နတ်တောင် ဆေးချယ်ထားသလောက် အရုပ်ဆိုး တာမှ မဟုတ်ဘဲ လူတိုင်း အမုန်းတရားနဲ့ ပိတ်လှောင်နေတဲ့သူတွေချည်း မဟုတ်ပါဘူး။ ငါဒီရွာလေးကို သံယောဇဉ်ရှိသလို ဒီရွာ လေးကလည်း ငါကို သံယောဇဉ်ရှိမှာပါ။

မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီး ထွေးပိုက်ရင်း ရွာကလေးကို တောလမ်းလေး အတိုင်း ခြုံတွေကြားထဲက တိုးပြီး ချည်း ကပ်လာမိတယ်။ ပြုတ်ထွက်လုမတတ် နာကျင် လှတဲ့ ညာဘက်လက်ကဒဏ်ရာကို သည်းခံရင်း ကျိုးစားတက်ခဲ့တယ်။ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်နေသလား ထင်မှတ်ရလောက်အောင် မူးဝေနေမိတယ်။

ရွာစပ်ကိုရောက်တော့ ကံကောင်းထောက်မစွာ အနူးသားလေးကို မြင်လိုက်ရတယ်။ အနူးသားက ငါ့ကိုမြင်တော့ အံ့သြထိတ် လန့်စွာနဲ့ လှမ်းကြည့်တယ်။ ပြီးတော့ မကြာပါဘူး ငါ့ကိုယောက်ကျားကြီး နှစ်ယောက် လာတွဲခေါ်ကြတယ်။

အနူးအိမ်အရောက် မှာ သူတို့ ငါ့ကို ဘယ်လိုပို့ကြမလဲဆိုတာ တိုင်ပင်နေကြတယ်။
ဒါပေမဲ့၊ ဒါပေမဲ့… ကံကြမ္မာက သူတို့ထင်သလောက်၊ သူတို့မျှော်လင့်ထားသလောက် မျက်နှာသာမပေးခဲ့ပါဘူး။ ငါ့ကို အနူးသား နှစ်ယောက်တွဲလာတဲ့အချိန်မှာပဲ ငါတို့ကိုမြင် သွားတဲ့ ရွာထဲက လူငယ်တစ်ယောက်ဟာ ရွာအစွန်ဘက်ကို ခပ်သုတ်သုတ် အပြေး ကလေးထွက်သွားတယ်။ ပြီးတော့ အိတ်ထဲမှာ အသင့်ပါလာတဲ့ Mobile Phone ကို ထုတ်ပြီး ရန်သူ့ဆီဖုန်းဆက်လိုက်တယ်။

အမုန်းတရားတွေနဲ့ နီမြန်းနေတဲ့မျက်နှာတွေ၊ စကားတစ်ချက်မှားတာနဲ့ အချိန်မရွေး လူတစ်ယောက်ရဲ့ အသက်ကို ဇိဝိန်ချွေချ ပစ်လိုက်နိုင်တဲ့ သေနတ်ပြောင်းတွေကြားမှာ အနူးတို့မိသားစုရဲ့ မေတ္တာတရားဟာ ဆက်လက်ရှင်သန်ခွင့်မရတော့ပါဘူး။

အနောက်ဘက်က တိမ်တိုက်တွေ တလိမ့်လိမ့်တက်လာတယ်။ ညို့နေတဲ့မိုးက တဖွဲဖွဲကျ လာတယ်။ ဘာမှ စောဒက မတက်ရဲ တော့တဲ့ အနူးမျက်ဝန်းမှာ မျက်ရည်စတွေနဲ့…။ ဝင်းလက်တောက်ပတဲ့ လျှပ်တစ်ပြက်မှာ ဂျိမ်းခနဲ မိုးခြိမ်းသံကျယ်ကျယ် လောင် လောင် တစ်ချက်ကြားလိုက်ရတယ်။

သားရေ….အနူးတို့ကို အထင်လွဲသွားလေမလား၊ အနူးတို့က သာမန်ပြည်သူတွေ ပါကွယ်၊ နီးရာဓား ကြောက်နေရတဲ့သူတွေပါ ကွယ်။ အနူးတို့ မေတ္တာတရားကိုတောင် ငါ့သား ခံစားခွင့်မရတော့ဘူးလား၊ ဒါဟာ မေတ္တာတရားပါ၊ ဒါဟာ ခွင့်လွှတ်ခြင်းပါ။ အငြိုး အဃာတ မိုးစက်တွေက အနူးတို့ မေတ္တာတရားကို ဆက်ပြီး ရှင်သန်ခွင့်မပေးတော့ဘူး လား။ သားရေ ကောင်းကင်ဘုံမှာ ဒါမှ မဟုတ် ငါ့သားယုံကြည်တဲ့ ဘုံဘဝတစ်ခုခုမှာ အနူးတို့မေတ္တာကို ငါ့သားဆက်လက် ခံစားနိုင်ပါစေ သားရေ၊ ဒါဟာ မေတ္တာစစ်ပါ ကွဲ့။ ဒါဟာ ယုဒရဲ့အနမ်းမဟုတ်ပါဘူးကွဲ့၊ အို…အဖ ကယ်တင်တော်မူပါ….။

“ကိုယ်တော် သူတို့ကို ခွင့်လွှတ်ပါ။ ချစ်ခြင်းမေတ္တာ အကြောင်းကို သင်ကြားပေးပါ။ ချစ်ခြင်းမေတ္တာအကြောင်း သူတို့ကို သင် ကြားပေးဖို့ သားသမီးတို့ကို ခွန်အားပေး သနားတော်မူပါ။ ကိုယ်တော် အသက်သွေးနဲ့ဆေးကြောကယ်တင်ပေးခဲ့တဲ့ အပြစ်သား တွေကို ကိုယ်တော့်ခွင့်လွှတ်ခြင်းမေတ္တာ ထင်ရှားစေခြင်းငှာ ကိုယ်တော်ဘုန်းကျက်သရေနဲ့ မေတ္တာပြပါ။ အာမင်……….”

တစ်ချက်တစ်ချက် သစ်ပင်တွေက ရိပ်ခနဲ ရိပ်ခနဲ၊ တိရိစ္ဆာန်တစ်ကောင်လို တရွတ်တိုက် ဆွဲလာတဲ့နောက်မှာ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေပေမဲ့ မကြာခင်မှာ အဆိုးရွားဆုံး လူမဆန်မှုတွေနဲ့ ကြုံတွေ့ရတော့မယ်ဆိုတာ ငါရိပ်မိနေခဲ့တယ်။

သေခြင်းတရားဆိုတာ ဘာဆန်းလို့လဲကွယ်၊ စစ်သားတစ်ယောက်ဖြစ်လာပြီးမှ စစ်တိုက် ရင်းသေရတာ ဘာဆန်းလို့လဲ။ ဒါပေမဲ့ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရင်း သာ သေလိုက် ချင်ပါရဲ့..။ ငါ အခု ရန်သူ့ညှင်းပန်းနှိပ်စက်မှုခံရပြီးမှ သေရတော့မယ်။ တပ်မတော် သားတစ်ယောက် သစ္စာ၊ တပ်မတော်အရာရှိတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာတွေကို ငါ့ရဲ့နောက်ဆုံးအချိန်အထိ မကျိုးမပေါက် အောင် ငါထိန်းသိမ်းစောင့်ရှောက်ရမယ်။

ငါဟာ လူတစ်ယောက်ပါ၊ လူတစ်ယောက်လိုချစ်တတ်တယ်၊ လူတစ်ယောက်လို တွယ်တာတတ်တယ်၊ ငါ့မိဘကို ချစ်တယ်၊ ငါ့ ချစ်သူကို ချစ်တယ်၊ ငါ့အသားကိုထိရင် နာတတ်တယ်၊ ငါမသေချင်သေးဘူး၊ ငါ့ကိုချစ်တဲ့ သူတွေနဲ့ နေချင်သေးတယ်၊ ငါ့မိဘ နဲ့ တွေ့ချင်တယ်၊ ငါ့ချစ်သူနဲ့ လက်ထပ်ချင်တယ်၊ ချစ်သောသူတို့နဲ့ အတိုင်းအတာ တစ်ခု အထိနေခွင့်ရပြီးမှ ငါသေချင်တယ်၊ ဒါပေမဲ့ ငါနေခွင့်မရတော့ဘူး။ ငါတစ်ယောက်တည်း ဒီအဖြစ်မျိုးကြုံရတာမဟုတ်ဘူး။ ငါ စစ်သား၊ ငါ စစ်ဗိုလ်၊ ငါဟာ တပ်မတော်သား ဗိုလ်ဇော်မျိုးထက်…ဟေ့းးးးးးးးးးးးးးးးးးးးး DSA Never Surrender ကွ။

“ဟေ့ကောင်… ပြောလေကွာ ဗမာစစ်ခွေး၊ မင်းတို့တပ်တွေ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိ လဲဆိုတာ…”

“တော်တော် ခေါင်းမာတဲ့အကောင်ပါလားကွ၊ လူကလေးက ကြည့်တော့ အခုမှ လူဖြစ် မယ်ကြံခါရှိသေးတယ်၊ ကဲ တစ်ချက် နှစ်ချက်လောက် ကျွေးလိုက်ပါဦးကွာ…”

“အ…အ…အား……အား……အား… အီး….”

ကဲ..မင်းတို့လက်ခုပ်ထဲက ရေပဲကွာ၊ မင်းတို့သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက်၊ နာကျင်လွန်းတော့ အသံက အပြင် မထွက်တော့ဘူး။ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲ …ဝေဒနာနဲ့ တဏှာလည်း မခွဲခြားနိုင်တော့ပါဘူး မေမေ၊ တစ်ကယ်ဆို သား တစ်ကိုယ် လုံး မခံမရပ်နိုင်အောင်နာကျင်နေပါပြီ၊ ခံနိုင်ရည်မရှိနိုင်တော့လောက်အောင် သားနာ ကျင်နေပါပြီ။ မေ့မေ့ရင်ခွင်ထဲမှာ မှေးစက်ပြီး တဒင်္ဂလောက်ဖြစ်ဖြစ် သားအနားယူချင် လိုက်တာ၊ သားစိတ်တွေကို လျှော့ချပစ်ချင်လိုက်တာ။

ဒါပေမဲ့ မေ့မေ့သား ဟာ ဆယ်တန်းကျောင်းသားလေး ဇော်မျိုးထက် မဟုတ်တော့ ဘူးမေမေ။ သားစိတ်တွေ လျှော့ချပစ်လို့မရဘူးလေ၊ အသည်းခိုက် အောင် နာကျင်လှပေ မဲ့ တပ်မတော်သားတစ်ယောက်ရဲ့ သစ္စာတရားကို သားစောင့်ထိန်းရမယ်၊ မေမေရယ် ဒီအဖြစ်ဆိုးမျိုးဟာ မေ့မေ့သားတစ်ယောက်တည်းကြုံရတာမဟုတ်ပါဘူး။ မေမေတို့ သားတို့ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေကစလို့ ခေတ်အဆက်ဆက် တပ်မတော်သားတွေ ကြုံခဲ့ကြရတာလေ။ မေမေ့ရင်ခွင်မှာ နားခိုခွင့်မရတော့လောက်အောင် ခေါင်းမာခဲ့တဲ့ သားကို ခွင့်လွှတ်ပါ မေမေ၊ သား မေမေ့ကိုချစ်တယ်…..။

တစ်ကိုယ်လုံးကို ဓားနဲ့မွှမ်းထားမှတော့ ငါ ဘယ်နားကနာရမှန်းမသိတော့ဘူး။ တစ်ချက် တစ်ချက် နံကြားကိုဆောင့်ဝင်လာတဲ့ ကန်ချက်တွေ၊ အားရအောင်နှိပ်စက် ထားတဲ့ မျက်နှာကို လွှဲရိုက်လိုက်တဲ့ ရိုက်ချက်တွေ၊ တတိတိ မျှင်းပြီး လှီးနေတဲ့ ဓားချက်တွေက ငါ့မာနနဲ့ သစ္စာတရားကို မချိုးဖျက်နိုင်ခဲ့ပါဘူး။

စကြဝဠာကြီးခိုက်အောင် နာလှချည်ရဲ့ မေမေ၊ ဒါပေမဲ့ မေမေ့သားဟာ စစ်သား တစ်ယောက်ပီသစွာ ကျဆုံးသွားခဲ့ရတယ်ဆိုတာ မေမေ ဂုဏ်ယူလိုက်ပါ…။

သွေးစတွေနဲ့ ဝေဝေါးနေတဲ့ ငါ့မြင်ကွင်းမှာ ခရမ်းဖျော့ရောင်အမျှင်တန်းတွေ လွင့်ပျံ့နေ တယ်။ ဟော…တိမ်တိုက်တွေ တရွေ့ရွေ့ နောက်က ကြည်ပြာရောင် ကောင်းကင်ကြီး မှာ ငှက်ကလေးနှစ်ကောင်၊ စမ်းရေစီးသံက သိင်္ဂါရ ဂီတပေါ့ကွယ်။ ငါ ကြိုးစားပြီး အသံ ထွက်ကြည့်တယ်…. ငါ……ငါ…… ငါ့အသံ……တွေ အော်လို့မရတော့ဘူး ချစ်သူ၊ ငါ့ အမြင်တွေလည်း မှုန်ဝါး၊ မြင်ကွင်းက မသဲကွဲ၊ အိုး အရှင်လတ်လတ်ငရဲကျတယ်ဆိုတာ ဒါလား၊ “လာဟေ့… နိဗ္ဗာန်ဖြစ်ဖြစ်၊ ငရဲဖြစ်ဖြစ် ဒို့နှစ်ယောက် ခုန်ချကြမယ်…” ကဗျာတစ်ပိုင်း တစ်စကလေးတောင်မှ ကျိုးအက်ကွဲကြေ……။

အာစေးထည့်ထားသလို ဆွံ့အနေတဲ့ ငါ့နုတ်ခမ်းတွေ၊ ချစ်သူရေ……… အတွေးထဲမှာ နင်ရယ်၊ ငါရယ်၊ ပြီးတော့ စိတ်ကူးထဲက သားသား မီးမီးလေးရယ်၊ ငါက သားလေး ကို မွှေ့ချီမြှောက်ကစား၊ ငါ့မျက်နှာသားလေး ရှုရှုပန်းချတော့ နင်ကတဟားဟား။ လော ကီ ထုပ္ပတ် လူတို့ဇာတ်ဆိုတာ ပန်းတွေနဲ့ဆောက်ထားတဲ့ နန်းတော်ကြီးမှ မဟုတ်တာ ချစ်သူရယ်။

“ခွေးမသား စစ်ခွေး…ကဲကွာ၊ ကဲကွာ…” ဆိုပြီး သုံးလေးချက်လောက် ဆောင့်ကန်ပြီး တာနဲ့ မျက်နှာပေါ်ကို နံစော်နေတဲ့ အရည် တချို့ကျလာတယ် ငါသိလိုက်တယ်။ ဒါဟာ သားလေးရဲ့ ရှုရှုးတွေ မဟုတ်ဘူးလေ။ ညစ်ပတ် စုတ်ပြတ်လွန်းတဲ့ တိရိစ္ဆာန်သာသာ လူရိုင်းတွေရဲ့ ယုတ်မာမှုတစ်ခုပေါ့။ ဒါဟာ မင်းတို့ရဲ့အောင်ပွဲလို့ ထင်နေတဲ့ မင်းတို့ရဲ့ ယဉ်ကျေးမှုကို ထင်ဟပ်ဖေါ်ပြလိုက်တဲ့ ရိုင်းစိုင်းမှုဆိုတာ မင်းတို့ကိုယ်တိုင်သိနိုင်လောက် တဲ့ အသိဥာဏ်မရှိတာ သနားလိုက်တာကွာ။

ငါက သေလူပါ။ ငါ ဘာမှ ထပ်မ ဖြစ်တော့ ဘူး။ မင်းတို့လုပ်ရပ်အတွက်၊ မင်းတို့ရိုင်းစိုင်း မှုအတွက် လောကက ဒဏ်ခတ်တာကို ခံနိုင်အောင်သာ ကြိုးစားပါ။

သံသရာက အရှည်ကြီးပါ ချစ်သူ၊ နင့်ကို ငါချစ်တယ်၊ နင်ကလွဲလို့ ဘယ်မိန်းကလေးကိုမှ ငါမချစ်ခဲ့ပါဘူးဟာ..။ ဒီလိုပဲ နင်ငါ့ကို ချစ်တယ်ဆိုတာလည်း ငါအကြွင်းမဲ့ ယုံပါတယ်။ ငါနဲ့ လက်ထပ်ပြီး တပ်မှာလိုက်နေရင် နင်ပင်ပန်းမှာနော်၊ စစ်တပ်ဆိုတာ စည်း ကမ်းတင်း ကြပ်တယ်ဟ လို့ ငါကနင့်ကိုပြောတော့ နင်ငါ့ကို “မောင်ရှေ့ကို တည့်တည့်လျှောက် ရင်…မေလည်းမောင့်လိုပဲ လျှောက်မယ်မောင်ရေ…” ဆိုတဲ့ သီချင်းလေး ညဉ်းပြ တယ်နော်။

အရမ်းချစ်တယ် ချစ်သူရယ်၊ ငါ့ကို နင်ခွင့်လွှတ်နားလည်ပေးပါ။ နင် တပ်မတော်သား တစ်ယောက်ကို ချစ်တယ်ဆို၊ ငို…ငို… ငိုလိုက်လေ…၊ အောင့်မထားနဲ့ နင်ငိုချလိုက်ပါ။ နင် ငိုမချလိုက်ဘဲ တစ်ခုခုဖြစ်သွားမှာ ငါရန်သူအသတ်ခံရတာထက် ကြောက်ပါ တယ် ဟာ…။

နင့်ကိုငါ စကားပြောဖို့ ကျိုးစားပေမဲ့ အသံမထွက်တော့တာကို ခွင့်လွှတ်ပါ ချစ်သူ၊ “မျက်ဝန်းများနဲ့ ပြောပါ… ဒါအလှ ဆုံး စကားထက် ပိုပြီး သန့်စင်တယ်…” တဲ့။ ငါ နင့်ကို မျက်ဝန်းတွေနဲ့တောင် ပြောနိုင်ခွင့်မရှိတော့ပါဘူး ချစ်သူ၊ ငါ့စိတ်… ငါ့နှလုံး သား… ဖမ်း ယူပွေ့ဖက်… နောက်ဆုံးအနမ်းတစ်ချက်…၊ ပြီးတော့ နင်… နင့်အပေါ် ကြင်နာနိုင်မယ့် သူ၊ နင့်ကို ချစ်တဲ့သူနဲ့ ဘဝခရီး ကို ဆက်လျှောက်ပါ…။ မငိုနဲ့တော့နော်…၊ နင်ဟာ စစ်သားတစ်ယောက်ရဲ့ ချစ်သူလေ…။ နင် ငါ့ကို ချစ်တယ်ဆို…။ ငါ့ကို ချစ်ရင် ငါ့စကားနားထောင်ပါဟာ…။ ဘဝကို အဓိပ္ပာယ်ရှိရှိ ဆက်လျှောက်ပါ…။ နင့်ကို ငါချစ်တယ်…….။

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။” (မင်းသုဝဏ်)

သွေးတွေ၊ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ အလိမ်းလိမ်းကြားက ငါ အားယူပြီး ကြည့် လိုက်တယ်။ အိုး…ငါ သိပ်ကြိုက်တဲ့ Brave Heart ဇာတ်ကားထဲက မင်းသားဝီလျှံရဲ့ ချစ်သူ လူအုပ်ကြားထဲမှာ ပေါ်လာသလိုမျိုး… ချစ်သူမျက်နှာကို ခပ်ရေးရေး မြင်လိုက်ရ တယ်။ ငါ့လည်ပင်းပေါ်ကို ကျလာတဲ့ဓားချက်က ရုပ်ရှင်ထဲကလို ဝီလျှံ့လည်ပင်းပေါ် ရိပ်ခနဲမြောက်တက်သွားတဲ့ ပုဆိန်ချက်လို မဟုတ်ဘူး။

အငြိုးအတေးနဲ့ ဓားချက်တွေ …. ဓားချက်တွေ… တစ်ချက်တည်းနဲ့ ပြတ်မသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ တတိတိလှီးဖြတ်နေတဲ့ ဓားချက်တွေ….အချက်ပေါင်းများစွာ လူးလာ ဆန်ခတ်…ခေါက်ပြန်ပြေးလွှား၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ အစွန်းရောက် ရိုင်းစိုင်းကြမ်းကြုပ်မှုတွေ…… နာကျင်မှုထက် နာကျည်းမှုကို လက်ယပ်ခေါ်နေတဲ့ ဓား ချက်တွေ…၊ ငါ့ရဲ့ မချိမဆန့်အော်ဟစ်ငြီး တွားမှုတွေ မထွက်ထွက်လာအောင် အစွမ်း ကုန် ရက်စက်ပြီး ငါ့အော်သံနဲ့ ပွဲတော်ညကျင်းပနေကြတဲ့ တဟီးဟီး တဟားဟား ရယ်သံတွေ၊ ငေါက်ခနဲ ငေါက်ခနဲ ပန်းထွက်လာတဲ့ သွေးတွေ၊ ဆတ်ခနဲ ဆတ်ခနဲ အကြောဆွဲတုန်ခါသွားတဲ့ လည်ပင်းကြောကြီး တွေ၊ လက်ဆစ်ရိုးတွေ ကျိုးကြေမတတ် ကျစ်နေအောင်ဆုပ်ထားတဲ့ ငါ့လက်သီးတွေ၊ အပေါ်အောက်သွားတွေ ကြေမွသွား မတတ် အံကြိတ်ထားတဲ့ ငါ့မျက်နှာ၊ ပြီးတော့ တဆတ်ဆတ်တုန်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားတဲ့ အသက်မဲ့ပေမဲ့ သစ္စာတရား မမဲ့တဲ့ ငါ့ခန္ဓာကိုယ်…။

အဲဒီခန္ဓာကိုယ်ကို ရပ်ကြည့်နေမိတဲ့ငါ့ကို တစ်စုံတစ်ယောက်က ပခုံးလာဖက်ရင်း လက်ထဲကို MA တစ်လက်၊ ငါ့ ပစ္စတိုအိတ်ထဲကို ပစ္စတိုတစ်လက် ထိုးထည့်ပေး လိုက်တယ်။ “သွားရအောင် ညီလေး…” တဲ့။ ငါ့ နောင်တော်ကြီးအစ်ကိုကြီး ကျော်စွာ…။

ခေါင်းတစ်ချက် ဆတ်ခနဲငြိမ့်ပြလိုက်တယ်။ ဟို အဝေးကို လမ်းကြည့်လိုက်မိတယ်။ တိမ်တွေလွင့်နေတယ်။ အလင်းတန်းတွေက ပြေးကစားနေကြတယ်။ ခရမ်းရောင်၊ ကြည်ပြာရောင်၊ ပန်းနုရောင်၊ ပြီးတော့ အနီရဲရဲ နောက်ခံနဲ့ ကောင်းကင် ကွင်းပြင်ကြီး…။
မောက်တို၊ မောက်ရူတွေနဲ့ ရှေးမြန်မာ့ စစ် သည်တော်တွေ၊ အမြောက်၊ မြတပူ၊ စိန်ပြောင်းတွေ၊ တိုက်ဆင်တွေ၊ မြင်းတွေ၊ စည် တွေ၊ မောင်းတွေ၊ သေနတ်တွေ၊ ဓား၊ လှံ၊ လေး၊ မြားတွေ၊ ဓားမတွေ၊ ပုဆိန်တွေ၊ တူတွေ၊ သံချွန်တွေ၊ လွှတွေ၊ မိုးကာတွေ၊ ကြေး အိုးတွေ….။

တိုက်ပွဲဝင်မယ့်ဆင်တွေက နှာမောင်းတွေ မြှောက်မြှေက်ပြီး စစ်ဟန်ရေးပြလို့၊ လည်ဆံ ဖွား စစ်မြင်းတွေ၊ ကြေးနီရောင် အသားနဲ့ မြန်မာရဲမက်တွေ။

အကြည့်ကို ရွှေ့လိုက်တယ်။ အင်္ဂလိပ်ရိုင်ဖယ်တွေ၊ ဘရင်းဂန်းတွေ၊ စတင်းဂန်းတွေနဲ့ စစ်သည်တွေပါလား။ သူတို့နဲ့ယှဉ်လျက် စစ်သည်တွေကို ကြည့်လိုက်တော့ စုတ်ပြဲနေတဲ့ ယူနီဖေါင်းတွေနဲ့ G3/ G4 ကိုင်ထားတဲ့စစ်သည်တွေ၊ ဘေးမှာ စက်လတ်တွေ၊ ၃. ၅ လောင်ချာတွေ၊ ၃ လက်မ စိန်ပြောင်းတွေချလို့၊ သူတို့ဘေးမှာက စစ်သည်တချို့၊ G3/ G4 တွေနဲ့ပါပဲ၊ ဘေးမှာ ၆၀ မမ တွေ၊ ၈၁ မမတွေ၊ ၈၄ မမ တွေ အစီအရီ၊ လူအုပ်ထဲ ကို သေသေချာချာ ထပ်ကြည့်လိုက်တယ်။ MA စီးရီးကိုင်ထားတဲ့ စစ်သည်တွေ၊ တချို့စုတ်စုတ်ပြတ်ပြတ်၊ တချို့ ကျည်ကာ အင်္ကျီတွေနဲ့….၊ အားလုံးရဲ့ မျက်နှာတွေက မာရေကြောရေ…။

“လာ… ညီလေး…” ဆိုပြီး ကိုကျော်စွာက ငါ့ကို တန်းစီနေတဲ့ လူအုပ်ကြီးထဲခေါ် သွားတယ်။

ခေတ်အဆက်ဆက်က စစ်သည်တွေ…. တမျှော်တခေါ်…။ စင်မြင့်ထက်ကို လူတစ်ယောက် တက်လာတယ်။ မင်းကြီး မဟာ ဗန္ဓုလ…၊ အို… ငါ အလိုလို ဦးညွတ်မိပေါ့..။

“ရဲဘော်တို့/ ရဲမက်စစ်သည်အပေါင်းတို့… ငါတို့ဟာ ခေတ်အဆက်ဆက် တိုင်းပြည် အတွက် အသက်စွန့်ခဲ့ကြတဲ့ မြန်မာ့စစ်သည် တော်တွေရဲ့ ဝိဉာဉ်တွေဖြစ်တယ်။ ဒီကနေ့ ဗိုလ်ရှုသဘင်ခေါ် စစ်ရေးပြ အခမ်းအနားမှာ ခေတ်အဆက်ဆက်က စစ်သည်တော် တွေ ကို ပြောလိုတာက ငါတို့ရဲ့ ခန္ဓာကိုယ်တွေကြွေပျက်သေဆုံးခဲ့ကြပေမဲ့ ငါတို့ရဲ့ဝိဉာဉ်တွေ ဆက်လက်ရှင်သန်နေတယ်ဆိုတာ အခု ရဲဘော်တို့ ကိုယ်တွေ့ပဲ ဖြစ်တယ်။ ဒီနေရာဟာ ရဲရင့်တဲ့ စစ်သည်တော်အချင်းချင်းသာ တွေ့ဆုံခွင့်ရတဲ့ သူရဲကောင်းတွေရဲ့ ဘူမိနက် သန် နေရာမှန်တစ်ခုဖြစ်တယ်။ ငါ့ရဲ့ညီတော်တောင် ဒီနေရာကို လာခွင့်မရှိဘူး။ သူရဲဘောကြောင်တဲ့သူတွေအတွက် ဒို့ သူရဲကောင်းဝိဉာဉ်စစ်သည်တော်လော က မှာ နေရာမရှိဘူး။ ရှင်းလား ရဲဘော်တို့…”

“ရှင်းပါတယ်။”

ဝိဉာဉ်တန်မဲ့ ငါ ကျက်သီးတွေ တဖြန်းဖြန်းထလာတယ်။ မင်းကြီး မဟာဗန္ဓုလ ဟာ ခေတ် အဆက်ဆက် ဝိဉာဉ်စစ်သည်တော်တွေ နားလည်အောင် ခေတ်သုံးဘာသာ စကား နဲ့ ပြောဆိုနေတာပါ။ ငါတို့ ဝိဉာဉ်ဆိုတာ ထိုက်သင့်တဲ့ တန်ခိုးပြာဋိဟာရှိပြီးသား မဟုတ် လား။ မင်းကြီး မိန့်ခွန်းပြောပြီးတော့ “သစ္စာဆို” လို့ တိုင်ပေးလိုက်တယ်။

ဟိန်းထွက်လာတဲ့ ဘဝဂ်ညံ သံပြိုင်ဆိုလိုက်တဲ့ သစ္စာ လေးချက်ထဲမှာ ငါ့နားထဲ အဟိန်းဆုံးနဲ့ အကျယ်လောင်ဆုံး ဝင်ရောက်လာတဲ့ အသံကတော့ ဒုတိယသစ္စာနဲ့ စတုတ္ထသစ္စာ တွေပဲပေါ့…။

“ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။”
“ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။”

ဒီမြေ ဒီရေ အတွက် ခေတ်အဆက်ဆက် အသက်စွန့်ခဲ့တဲ့ သူရဲကောင်းဝိဉာဉ်တွေပါ။ ကွမ်းလုံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲ ကောင်းစစ်သည်တွေနဲ့ သူတို့ကို ကူတိုက်ပေး ခဲ့တဲ့ ရှေးခေတ် မြန်မာ့စစ်သည်တော်တွေ စကားလက်ဆုံကျနေကြတယ်။ ရယ် ရယ်မောမော ပြုံးပြုံးရွှင်ရွှင်။

ရှေးခေတ် စစ်သည် ၅၀ ကို အုပ်ချုပ်ရတဲ့ သွေးသောက်ကြီး တစ်ယောက်က ဒီဘက်ခေတ် ရဲဘော်လေးတွေ ထိုင်နေတဲ့ဘက် ကူး လာပြီး ဘေးနားက စက်လတ်တွေ၊ ၈၄ မမ နောက်ပွင့်ရိုင်ဖယ်တွေကို တသသ ကိုင်ကြည့်ရင်း “မင်းတို့ကွာ၊ ဒီလောက် ကောင်း တဲ့ လက်နက်ကြီးတွေ ရှိရဲ့သားနဲ့…။” လို့ အားမလို အားမရသံနဲ့ပြောလိုက်တယ်။

ငါ့ဘေးက အရာရှိတစ်ယောက်က “သွေးသောက်ကြီးရေ၊ ရန်သူက သွေးသောက်ကြီး တို့ ခေတ်ကလို ဓား၊ လှံ၊ လေး၊ မြား တွေနဲ့ မဟုတ် တော့ဘူးခင်ဗျ။” လို့ ပြန်ပြော လိုက်တယ်။

မေးကြောကြီးတွေ တင်းသွားတဲ့ သွေးသောက်ကြီးက အဲဒီအရာရှိမျက်နှာကို တစ်ချက် ခပ်စိမ်းစိမ်းကြည့်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲမှာရှိနေတဲ့ ဓားအိမ်ထဲက ဓားကို ရွှမ်းခနဲမြည်အောင်ဆွဲထုတ်လိုက်တယ်။ တိမ်မျှင်တွေကြားထဲက ဝင်လာ တဲ့နေရောင် အောက်မှာ သွေးသောက်ကြီးရဲ့ဓားဟာ တလက်လက်ထနေတယ်။

“ဒီမယ်……… မောင်ရင်၊ စစ်ဆိုတာ လူအင်အား လက်နက်အင်အား အနည်းအများပေါ် မှာသာ လုံးဝ တည်မှီနေတာ မဟုတ်ဘူး။ အင်အားကြီးတိုင်းသာ အရှုံးပေးရကြေး ဆိုရင် မောင်ရင်တို့အခုနေတဲ့ တိုင်းပြည်ရှိတော့မှာလည်း မဟုတ်ဘူး။ အေး ဒီမှာကြည့် .. မှတ်ထား… ဒီဓားနဲ့ ငါတို့ နိုင်ငံတစ်ခုမွေးဖွားပေးခဲ့တယ်။”လို့ ပြောပြီး သွေးသောက် ကြီးက သူ့ဓားကိုဓားအိမ်ထဲပြန်ထည့်လိုက် တယ်။ ကိုကျော်စွာနဲ့ ငါ တစ်ပြိုင်တည်း သွေးသောက်ကြီးကို ပြိုင်တူအလေးပြုလိုက်မိတယ်။

နေရောင်ထဲမှာ တဒင်္ဂမြင်လိုက်ရတဲ့ သွေးသောက်ကြီးဓားရဲ့ ဝင်းလက်နေတဲ့ အရောင် က ငါတို့အားလုံးရင်ထဲကို စိမ့်ဝင်ပျံ့နှံ့သွား တယ်။ နိုင်ငံတစ်ခုဆိုတာ သူရဲကောင်း အဆက်ဆက်ရဲ့သွေး၊ အသက်၊ ဝိဉာဉ်တွေနဲ့ တည်ဆောက်ထားတာပါ….။

"ဟိမဝန္တာ၊ တောင်မျက်နှာဝယ်၊ ဖလ်ဝါဒေါင်းထွန်း၊ သည်မြေကျွန်းသည်၊ တို့ဦးစွန်းလော၊ ဦးစွန်း ဦးစွန်း…။
…………………………. ……………………………………………. …………………………………… ……………………..

ဆင်ရေး မြင်းချင်း၊ ရေရှင်ကင်းနှင့်၊ တပ်ခင်းဗိုလ်ပါ၊ ပျူဗဟ္မာလော၊ ပျူဗဟ္မာ ပျူဗဟ္မာ။ ။
…………………………………………………………………………………………………………
ဓားလှံဝင့်ဝင့်၊ တံခွန်လွှင့်၊ ဟိန်းလွင့်တိုက်မောင်းစည်သံ၊ မောင်းစည်သံ။ ။
တိုက်ဆင်ဖွေးဖွေး၊ စစ်မြင်းပြေး၊ ရဲသွေးဇာတိမာန် ဇာတိမာန်။ ။
တကောင်း ဘိုး မြေး၊ ခေတ္တရာသွေး၊ စွေးစွေး နီရင့်မှန် နီရင့်မှန်။ ။
……………………………………………………………………………………………………………
အရိမဒ္ဒန၊ ပုဂါမသည်၊ အာရှနေတစ်စင်းလော၊ နေတစ်စင်း နေတစ်စင်း….။"(ဆရာဘုန်းတင့်ကျော်)

(သီရိလင်္ကာခေါ် သီဟိုကျွန်းကို ကျေးကုလားတွေ ကျူးကျော်တိုက်ခိုက်လာတော့ အနော်ရထာမင်းကြီးက စစ်ကူ ခြောက်သောင်း လွှတ်ပေးခဲ့တယ်ဆိုတာ ဒီကနေ့ သီရီလင်္ကာနိုင်ငံရဲ့ သမိုင်းထဲမှာ ရှိနေပါသတဲ့။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ဝန်းကျင်လောက် က ဒီ အကြောင်းဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာသားတွေ က မြန်မာကို ကျေးဇူးရှိတယ်လို့ သတ်မှတ် ခံယူထားပါသတဲ့။ ကျွန်တော်တို့ မြန်မာ့ သမိုင်းထဲမှာ ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတာ မတွေ့ရတာ ထူးဆန်မနေဘူးလား။)

ရဲကျော်သူရ