အနှိမ်ခံမြန်မ့ာခွေးများ
ယနေ့အချိန်တွင် မြန်မာနိုင်ငံမှခွေးများသည် ခွေးခြင်းတူသော်လည်း
ပြည်ပမှခွေးများလောက် မျက်နှာသာပေးခြင်း မခံရဖြစ်နေပါသည်။အဆို
ပါပြည်ပမှာလာသောခွေးများမှာ အစာရေစာပေါများရုံသာမက ရေချိုးပေးခြင်း၊
အမွှေးနံသာများလိမ်းခြယ်ပေးခြင်း၊
စိန်ရတနာများ ၀တ်ဆင် ပေးခြင်းစသည့်အပြင် အချို့ဆိုလျှင်
ကားများပင်ဝယ်ပေးထားကြရာ ၄င်းတို့၏ အဆင့်အတန်းမှာ လွန်စွာပြည့်စုံနေပါသည်။
သို့သော် သေချာစာလေ့လာကြည့်ပါက
၎င်းတို့အနေဖြင့် မြန်မာခွေးများကို မမီသည့် အချက်များစွာ
ရှိနေပါသည်။ကျွေးသည်ဖြစ်စေ၊ မကျွေး သည်ဖြစ်စေ သခင့်အပေါ်အချစ်မပြယ်ပဲ
တာဝန်ကို ကျေပွန်စွာဖြင့် အနားမှမခွာ စောင့်ရှောက်လျက်ရှိသည်မှာ
မြန်မာခွေးများပင်ဖြစ်ပါသည်။ ခြံကိုလုံအောင်စောင့်တယ်၊ သခင့်စည်းစိမ်တွေကို
တစ်ခုမှ အပွန်းအပဲ့မခံပေမဲ့ သူတို့အပေါ်တန်ဖိုးထားမှုကတော့
နိုင်ငံခြားခွေးများနှင့်ယှဉ်လျှင် မိုးနှင့်မြေလိုကွာခြားနေပါသည်။ထို့ကြောင့်
ခွေးအခွင့်ရေး ဆုံးရှုံးနေရမှုများနှင့် ပတ်သက်ပြီး မည်ကဲ့သို့
ခံစားချက်များ ရှိနေ မည်ကို သိရှိလိုသောကြောင့် အောင်နက်ဟုအမည်ရသော
ခွေးတစ်ကောင်နှင့် ကေတီဗီသတင်းထောက်ကိုစောထက်ဆွေဦးတို့ အင်တာနက်အပေါ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါသည်--
မေး--မင်္ဂလာပါ အောင်နက်ရေ
ဖြေ- ဟုတ်ကဲ့ ကျွန်တော်လည်း မင်္ဂလာပါဗျာ- မိဘပြည်သူများအားလုံးကိုလည်း နှုတ်ခွန်းဆက်သပါတယ်။
မေး--ဒီနေ့အချိန်မှာ ခင်ဗျားတို့အခြေအနေနဲ့ ပြည်ပခွေးတွေရဲ့အခြေအနေတွေက အများကြီးကွာခြားနေတယ်နော်အဒီအပေါ်ဘယ်လိုများခံ စားမိသလဲဦးစွာသိလိုပါတယ်။
ဖြေ-- ဟုတ်ကဲ့ပါ ပြည်ပကခွေးတွေနဲ့ ကျွန်တော်တို့ခွေးတွေက ရုပ်ပိုင်းဆိုင်ရာအရ လွန်စွာပဲခြားနားနေပါတယ်။ဒါပေမဲ့စွမ်းဆောင်ရည်ပိုင်း မှာတာ့ သူတို့အထက်သာတဲ့အချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုကို မမက်မောပေမဲ့ လူတွေရဲ့ အလေးထားမှုကို မရ တာတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။
မေး--ခင်ဗျားတို့ရဲ့ ပြည်ပခွေးတွေထက်သာလွန်တဲ့အချက်တွေကိုလည်း အနည်းငယ်ပြောပြပေးပါဦး။
ဖြေ- ဒါတွေကို အလွယ်တကူသိနိုင်တာပဲဗျာ ဥပမာ၊ ခြံကိုလုံခြုံအောင်စောင့်ရှောက်ပေးတယ်။ရန်သူလာရင်ရဲရဲရင့်ရင့်ရင်ဆိုင်ပေးတယ်၊ ခိုင်းသမျှမငြီးမငြူလုပ်ပေးတယ်၊ သခင့်အလိုကျဘာမှာ ငြင်းပါတယ်မရှိဘူး။ အဓိကအားသာချက်က ကြမ်းကြမ်း တမ်းတမ်း နေနိုင်စားနိုင်တယ်။ဒါတွေက ပြည်ပခွေးမှာတွေ့ဖို့မဖြစ်နိုင်ဘူးနော်။
မေး-- ဟုတ်ပါတယ်ဗျာ။ဒါပေမဲ့ လူတွေက ခင်ဗျားတို့ထက် ပြည်ပခွေးတွေကိုပဲ ပိုပြီးတန်ဖိုးထားနေကြတယ်။ဒါက ရောဘယ်လိုကြောင့် လို့ထင်ပါသလဲ။
ဖြေ- ဒါတွေကခေတ်ရဲ့ တောင်းဆိုမှုကြောင့် လို့ပဲ မြင်မိပါတယ်။
ဒီနေ့အချိန်မှာ လူတွေကခွေး(သို့) animals တွေကို မွေးတာဟာ အသုံး ၀င်မှုထက်
ဖက်ရှင်လိုသဘောထားလာကြတာပါ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာတွေကို
ပိုပြီးအလေးထားလာကြတယ်။သူတို့တွေက
လူနဲ့အတူ မွေ့ရာတို့ ကုတင်တို့နဲ့ အိပ်နိုင်ကြတယ်။ကျွန်တော်တို့က
လာဘ်တိပ်တယ်ဘာတယ်နဲ့ အိမ်ပေါ်များ ယောင်ပြီးမတက်လိုက်နဲ့ သေ
သွားမယ်မှတ်ထား၊ ဒါပေမဲ့ ခွေးကခွေးပါပဲဗျာ။
မေး-- ဒါပေမဲ့
ခင်ဗျားတို့က တွေ့ရာမှာနေတယ်၊ တွေ့ကရာစားတယ်၊ ရောဂါထူပြောတယ်၊ သားတွေကလည်း
အရမ်းပေါက်တယ်လို့ လူတွေက ဝေဖန်နေကြတယ်လေ။ ဒီလိုဝေဖန်မှုတွေကိုရော
ခင်ဗျားကဘယ်လိုတုံ့ပြန်ပြောကြားလိုပါသလဲ။
ဖြေ- ဒါကတော့ လူတွေက မတရားပြောကျတာပဲဗျာ။ ခွေးတွေစည်းကမ်းရှိအောင်လုပ်ရမှာ
လူတွေမှာ အဓီကတာဝန်ရှိတာပါ။လူတွေကိုယ် တိုင်ကရော ကျွန်တော်တို့ကို
နေရာသတ်သတ်မှတ်မှတ်ထား၊ အစာသတ်သတ်မှတ်ကျွေးပြီး
ကာကွယ်ဆေးပုံမှန်ထိုးပေးလို့လား၊ ပြည်ပကဈေးကြီးပေးဝယ်ထားတဲ့ ခွေးကျတော့ဒီလိုမဟုတ်ဘူးလေ၊ သားတွေအရမ်းပေါတ်တယ် ဆိုတာလည်း တားဆေးတွေဘာတွေထိုးပေးလို့ရပါတယ်။ အဓိကတန်ဖိုးထားမွေးမဲ့ သခင်ပဲလိုတာပါ။ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ စွမ်းဆောင်ရည်တွေက မနိမ့်ကျပါဘူးဗျာ။
မေး--ဒါဆို ဒီနေအချိန်မှာ လူတွေကခင်ဗျားတို့အပေါ် လုံးဝတန်ဖိုးမထားတော့ဘူးလို့ဆိုချင်တာလား။
ဖြေ- ဒီလိုတော့မဟုတ်ဘူး ရုပ်ရှင်စကားနဲ့ပြောရရင် ကျွန်တော်တို့တွေကနယ်ကြိုက်မင်းသားတွေပါ။
မြို့ပြတွေမှ လုံးဝနေရာမရပဲ ခွေးဝဲစားဘ၀နဲ့ အသက်ဆုံးရှုံးရတာများပေမဲ့
နယ်တွေမှာတော့ ကျွန်တော်တွေက တန်ဖိုးထားခံနေရဆဲ့ဖြစ်ပါတယ်။မြို့ ပြမှာရှင်သန်ရပ်တည်ရတဲ့ခွေးတွေရဲ့ဘ၀တွေက အရမ်းကိုခက်ခဲလွန်းပါတယ်ဗျာ၊ အားထားစရာဆိုလို့ မြို့အစွန်က ဘုန်းကြီးကျောင်းတွေပဲရှိတယ်။ကျန်တဲ့နေရာမှာ ဖြစ်သလိုနေဖြစ်လိုစား ဘ၀နဲ့ပဲရုံးကန်နေကြရတာပါ။ဘယ်သူမှလည်း မစာနာကြဘူး ခွေးတစ်ကောင်ရဲ့တန်ဖိုးကလည်း အရမ်းကို နိမ့်ကျရပါတယ်။မြို့ပြဒေသတွေတိုးလာတာနဲ့အမျှ ကျွန်တော်တို့အတွက် ရပ်တည်ဖို့ခက်ခဲလာမယ်လို့ ခန့်မှန်းမိပါတယ်။
မေး-- နောက်ဆုံးတစ်ခု အနေနဲ့ စာဖတ်ပရိတ်သတ်ကြီးကို ဘာများပြောကြားချင်ပါသလဲ။
ဖြေ- ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကိုလည်း အသိအမှတ်ပြုပေးကြပါ။ ရုပ်ပိုင်းဆိုင်ရာတွေမမက်မောပါဘူး ။ခွေးလို့ အသိအမှတ်ပြုပေးရင်တော်ပါပြီ။စနစ်တကျနဲ့စည်းကမ်းရှိရှိမွေးရင်
ကျွန်တော်တို့တွေဟာ လည်း ပြည်ပခွေးတွေထက်မနိမ့်ကျပါဘူး။
မည်သို့ပင်ဖြစ်စေကာမူ တန်ဖိုးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ
မြန်မာခွေးတစ်ကောင်ရဲ့ ရှိရင်းစွဲစွမ်းဆောင်ရည်များဖြစ်တဲ့ သခင်အပေါ်ချစ်ခင်မြတ်နိုင်းခြင်း၊စောင့်ရှောက်ကာကွယ်ခြင်း ကြုံရာစားပြီး အကြမ်းတမ်းခံနိုင်မှုတွေက ပျောက်ပျက်မသွားပါဘူး။အသိ အမှတ်ပြုတန်ဖိုးထားပေးကြပါလို့။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
(ရတဂန်)
No comments:
Post a Comment